အားလုံးပဲ မင်္ဂလာပါနော်။ များသောအားဖြင့် အသက် ၂၀ ကျော်ကာလတွေဟာ ဘဝအတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချဖို့လိုတဲ့ အရွယ်ဖြစ်တာမို့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်ပြီး အမှားအမှန်ခွဲခြားနိုင်ဖို့ အရေးကြီးလာပါပြီ။ လူတစ်ယောက် ရင့်ကျက်တယ်ဆိုတာ သူ့ကိုယ်သူနဲ့အများအပေါ် တန်ဖိုးထားတတ်တာ၊ သည်းခံစိတ်ရှိပြီး မလိုတဲ့အရာတွေအပေါ် ခံစားမနေတာ၊ ဆုံးဖြတ်ချက်မှန်မှန်ချရဲတာနဲ့ ကိုယ်လုပ်တာကိုယ် တာဝန်ယူတတ်တဲ့စိတ်ရှိတာကို ဆိုလိုတာပါ။

ဒါပေမယ့် ဒီလိုမျိုး အမြဲတမ်းစိတ်ပိုင်းဆိုင်ရာ Strong ဖြစ်နေဖို့က ထင်သလောက်မလွယ်ပါဘူး။ အရွယ်ရောက်ခါစ လူငယ်တွေဆိုရင် ပိုဆိုးပါတယ်။ မတူတဲ့ပတ်ဝန်းကျင်အမျိုးမျိုးနဲ့ ကြုံတွေ့ရတဲ့အခါ ကြောက်စိတ်ဝင်ပြီး ဆုံးဖြတ်ချက်တွေမှားတာ၊ ခံစားချက်မထိန်းနိုင်ဘဲ စိတ်ဓာတ်ကျတာတွေဖြစ်လာမှာပါ။ ဒီလိုအခြေအနေတွေက ရုန်းထွက်နိုင်အောင် ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်လိုသူတိုင်း ပြောင်းလဲလေ့ကျင့်ပေးဖို့လိုတဲ့အရာတွေအကြောင်းကို မျှဝေပေးလိုက်ရပါတယ်။

၁။ ရှုထောင့်မျိုးစုံက တွေးပါ

လူတိုင်းမှာ သူ့အမြင် ကိုယ့်အမြင်ရှိတာမို့ သင့်အနေနဲ့ သူနေရာမှာ ကိုယ်သာဆို ဘယ်လိုတွေးမလဲဆိုတဲ့ ရှုထောင့်ကနေ ကြည့်တတ်ဖို့လိုပါတယ်။ တစ်နည်းအားဖြင့် ကိုယ်ချင်းစာစိတ်ရှိဖို့ လိုအပ်ပြီး ဒါကသင့်ကို ပိုပြီးရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်စေမှာပါ။ ဒါ့အပြင် ကိစ္စတစ်ခုကို ကိုယ့်အမြင်နဲ့ချည်း မဆုံးဖြတ်ဘဲ ရင်းနှီးတဲ့သူတွေရဲ့ အမြင်တွေကိုပါ နားထောင်ပေးတာကလည်း သင့်ရဲ့ ချင့်ချိန်ဆုံးဖြတ်နိုင်စွမ်းကို မြင့်တက်စေပါလိမ့်မယ်။

၂။ ခံစားချက်တွေကို ထိန်းချုပ်ပါ

မကောင်းမြင်အတွေးတွေကတစ်ဆင့် ဝမ်းနည်းပြီး စိုးရိမ်တဲ့ ခံစားချက်တွေဖြစ်လာတတ်တာမို့ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်တန်ဖိုးထားတဲ့စိတ်ရှိဖို့ အရေးအကြီးဆုံးပါပဲ။ ခံစားလွယ်တဲ့သင့်စိတ်ကို ထိန်းချုပ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ်ပိုချစ်ပေးပါ။ ယုံကြည့်မှုရှိရှိနေပါ။ Negative ဆန်တဲ့အတွေးတွေဖြစ်လာတာနဲ့ ချက်ချင်းရှင်းထုတ်ပြစ်ပါ။

၃။ အဆိုးမြင်မှုတိုင်းကို ရင်ဆိုင်နိုင်အောင် လေ့ကျင့်ပါ

ကိုယ်တိုင် (သို့) ပတ်ဝန်းကျင်ရဲ့ အဆိုးမြင်မှုတွေကြောင့် ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်အားလျော့နေရင် ဘာကိုမှ သေချာမဆုံးဖြတ်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် ကိစ္စတိုင်းအတွက် အဆိုးထဲက ကောင်းကွက်လေးတွေကို တွေးကြည့်ပါ။ ဘာမဆို တတ်နိုင်သလောက် အကောင်းဆုံးရင်ဆိုင်မယ်ဆိုတဲ့ စိတ်မွေးပါ။

၄။ ကျန်းမာတဲ့ Lifestyle ရှိဖို့လည်း အရေးကြီးပါတယ်

ခန္ဓာကိုယ်ကျန်းမာမှ စိတ်ကြည်လင်ပြီး တွေးခေါ်နိုင်စွမ်းပိုကောင်းမှာပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီတဲ့ Lifestyle မျိုးရှိတာက ဆုံးဖြတ်ရခက်တဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ခွန်အားနဲ့ Motivation ရစေပါတယ်။

၅။ ကိုယ်တိုင်နဲ့ ဘေးလူတွေအပေါ်ကြင်နာပါ

Photo Source: lingoneo

ကိုယ်နဲ့တွေ့တဲ့လူတိုင်းအပေါ် စာနာစိတ်၊ ကြင်နာစိတ်ထားပြီးဆက်ဆံပါ။ တတ်နိုင်သလောက် ပံ့ပိုးပေးပါ။ ဒါကသင့်ကိုစိတ်ချမ်းသာစေမယ့်အပြင် သဘောထားကြီးတဲ့သူ၊ ရင့်ကျက်တဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar