ဒီကနေ့ ကမ္ဘာပေါ်က လူငယ် ၈၅ % လောက်ဟာ ဝက်ခြံဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့နေကြရပါတယ်တဲ့။

လူပျိုဖော် အပျိုဖော်ဝင်စအရွယ်တွေက ပိုဆိုးပါတယ်။ ခန္တာကိုယ်ဖွဲ့စည်းပုံတွေပြောင်းလဲပြီး ဝက်ခြံထွက်လာတတ်ပါတယ်။ ဒါဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုပျောက်စေသလို စိတ်အနှောင့်ယှက်ဖြစ်စရာ စိတ်ဖိစီးစရာ ကောင်းတဲ့ အရာတစ်ခုပါ။

ဒီတော့ ဝက်ခြံပြဿနာကို ဖြေရှင်းနိုင်ဖို့ အရိုးရှင်းဆုံး နည်းလမ်း ၅ သွယ်ကို ပြောပြပေးပါမယ်။

ပုံမှန်သန့်ရှင်းပါ

ပုံမှန် မျက်နှာကို သန့်ရှင်းရေးလုပ်ပါ။ ကိုယ်နဲ့သင့်တော်တဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေ မျက်နှာသစ်ဆပ်ပြာတွေ ဆုံးသင့်ပါတယ်။ အိပ်ယာမဝင်ခင်မှာ မျက်နှာသေချာသစ်ပြီး ဝက်ခြံအတွက် ခရင်မ်တစ်မျိုးကိုလိမ်းပြီးအိပ်သင့်ပါတယ်။

ဝက်ခြံကို မညစ်ပါနဲ့

ဝက်ခြံပေါက်နေတဲ့နေရာကို မကြာခဏဆိုသလို ထိတာ။ ဝက်ခြံညစ်တာကို မလုပ်ပါနဲ့။ ကျွန်မတို့ရဲ့လက်တွေဟာ နေရာတိုင်းကို ထိတွေ့ကိုင်တွယ်နေရတဲ့အတွက် သန့်ရှင်းမနေဘူးဆိုတာကို သတိပြုစေချင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတွေကိုစားပါ။

သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်သုပ်တွေ၊ ဖျော်ရည်တွေ နဲ့ ရေကို အများအပြားသောက်ပါ။ အရက်နဲ့ အမြန်စားအစားအစာတွေ သကြားတွေကို ရှောင်ပါ။

မိတ်ကပ်ကို No လို့ ပြောကြမယ်

မိတ်ကပ်တွေအထူကြီးလိမ်းတာဟာ ချွေးပေါက်ပိတ်စေလို့ အသားအရေအတွက် ဆဲလ်သေတွေဖြစ်ပေါ်စေပါတယ်။ ခရင်မ်ပါးပါးလေးနဲ့ ပေါင်ဒါပါးပါးလေးပဲပုပ်ပေးပါ။

စိတ်ရှည်ပါ။

ဘယ်အရာမဆို စိတ်ရှည်သည်းခံရပါမယ်။ ဝက်ခြံပြဿနာကို ဖြေရှင်းရာမှာလည်း စိတ်ရှည်ရှည်ထားပါ။ မလောပါနဲ့။ တစ်နေ့ပြီး တစ်နေ့ မျက်နှာအသားအရေကို သေချာဂရုစိုက်လိုက်ရင် အားလုံးအဆင်ပြေသွားမှာပါ။