ရှိုက်ကြီးဖိုငယ် အသွယ်သွယ်နှင့် ပြည့်စုံသောကိုယ်ခန္ဓာကို အခြားမိန်းကလေးများနှင့်မတူဘဲ ယုံကြည်ချက်ရှိရှိဖြင့် ပေါ်လွင်ထင်ရှားနေစေရန်အတွက် ဤနည်းလမ်းလေးများကို ဝေမျှရခြင်းဖြစ်ပါတယ်။ သေးသွယ်သောမိန်းကလေးများ မည်မျှပင်အဝတ်အစားအစုံ တော်ပြီးလှပနေသည်ဆိုသော်လည်း မိမိ၏ကိုယ်ခန္ဓာအချိုးအစားကို ပေါ်လွင်စေမည့် ဖက်ရှင်ကို ဝတ်ဆင်တတ်မည်ဆိုလျှင် အလွန်အသုံးတော်မှာဖြစ်ပါတယ်။ ထို့ကြောင့် မည်သည့်ရာသီအချိန်မရွေး လှပကျော့ရှင်းသည့်အသွင်ကို ရရှိစေနိုင်ရန် အောက်ဖော်ပြပါ အချက်လေးများကို လိုက်နာပေးနိုင်ပါတယ်။

၁။ နှစ်လွှာဒီဇိုင်း

အမျိုးသမီးဝတ် နှစ်လွှာဂါဝန်များ သို့မဟုတ် အပေါ်အင်္ကျီများကို ဝတ်ဆင်ခြင်းသည် ခါးအလှကိုပေါ်လွင်စေပြီး အချိန်မရွေး ကြည့်ကောင်းနေစေမှာဖြစ်ပါတယ်။

၂။ ဘလောက်စ်အင်္ကျီများ

ခါးအောက်နားတွဲလောင်းကျနေသည့် အသားရှိသောအင်္ကျီများသည် ဗိုက်ကိုဖုံးဖိပေးနိုင်ကာ သင့်ရင်သားအလှဆီသို့ လူများ၏အကြည့်ရောက်စေမှာဖြစ်ပါတယ်။

၃။ ခါးပတ်များ

ဖက်ရှင်အသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်သော ခါးပတ်ကိုအသုံးပြုခြင်းသည် သဲနာရီပုံစံအချိုးအစားအတိုင်းကို ပေးစွမ်းနိုင်ပြီး ဂျင်းများကိုမြဲမြံမှုရှိစေနိုင်ပါတယ်။

၄။ ခါးမြင့်ဘောင်းဘီရှည်၊ ဘောင်းဘီတို

ဗိုက်ခေါက်ကိုဖုံးချင်သည့်အခါများတွင် ခါးမြင့်ဘောင်းဘီတို သို့မဟုတ် ဘောင်းဘီရှည်များသည် အလွန်အသုံးဝင်ကာ ဆွဲဆောင်မှုရှိသည့်လက်ဝတ်ရတနာများနှင့် ချစ်ဖွယ်ကောင်းသောခြေညှပ်ဖိနပ်တို့ဖြင့် အတွဲညီညီ ဝတ်ဆင်ပေးနိုင်ပါတယ်။

၆။ အနက်ရောင်ဝတ်ပါ။

အနက်ရောင်အဝတ်အစားများသည် အချိန်တိုင်း သင့်ကိုပိုမိုသေးသွယ်သွားစေမှာဖြစ်သလို မည်သည့်အရာမရွေးဖြင့်လည်း လိုက်ဖက်ညီစွာဖြင့် တွဲဖက်ပေးနိုင်မှာဖြစ်ပါတယ်။