ကိုယ့်ရဲ့လက်ရှိ body အနေအထားထက် ပိုပြီးဝိတ်တက်လာမှာကို ကြောက်တယ်ဆိုရင်တော့ ဒီတိုင်းနေလို့မရပါဘူး။ ဝိတ်တက်လာမှာကြောက်တဲ့သူတွေ ပုံမှန်လုပ်ပေးဖို့လိုတဲ့ အဓိကအချက် ၅ ချက်ကို မျှဝေပေးလိုက်ပါတယ်။ ဒီအချက် ၅ ချက်ကိုသာ ပုံမှန်လုပ်ပေးမယ်ဆိုရင် ဝိတ်မတက်လာတဲ့အပြင် အဆီပိုတွေမရှိပဲ လှပနေမှာ သေချာပါတယ်။

ရေများများသောက်ပါ

ဝိတ်ကျစေဖို့ နည်းလမ်းတွေထဲမှာတောင် ရေများများသောက်ဖို့က မပါမဖြစ်ပါပဲ။ ရေများများသောက်ပေးတာက ဝိတ်မတက်လာအောင် တားဆီးပေးရုံသာမကပဲ ဝိတ်လည်းကျစေတယ်၊ အသားအရေလည်း စိုပြည်ပြီး လှလာစေပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ ၅ လီတာလောက် သောက်ပေးပါ။

အဆီအစိမ့်နဲ့အချိုတွေရှောင်ပါ

ဝိတ်မတက်ချင်ရင်၊ အဆီမတိုးချင်ရင် အဆီအစိမ့်တွေ လုံးဝမစားပါနဲ့။ ဆီကြော်မုန့်တွေကိုလည်း ရှောင်ပေးပါ။ အချိုရည်နဲ့ အချိုမုန့်တွေကိုပါ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။

အသီးအရွက်၊ အသီးအနှံများများစားပါ

ထမင်းစားတိုင်းမှာ အသီးအရွက်တစ်မျိုးပါအောင် အမြဲစားပေးပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေကိုလည်း များများစားပေးပါ။ ဒီလိုစားပေးခြင်းက မလိုအပ်တဲ့အဆီတွေ တက်မလာအောင်၊ ဝိတ်တက်မလာအောင် ကူညီပေးပြီး ကိုယ်ရည်စစ်စေတယ်။ အသားအရေလည်း လှစေပါတယ်။

ညပိုင်းအစားစားတာဆင်ခြင်ပေးပါ

ဝိတ်မတက်ချင်ရင် ညနေ ၆ နာရီမထိုးခင်မှာ ညနေစာ ထမင်းစားပြီး အဲ့နောက်ပိုင်းမှာ ဗိုက်ဆာတယ်ဆိုရင် အဆီအစိမ့်နဲ့ ဝိတ်တက်စေတာတွေ မစားပဲ သစ်သီးစားပါ။ အဆီထုတ်ထားတဲ့ နွားနို့နဲ့ သဘာဝသစ်သီးဖျော်ရည်တွေ သောက်ပေးလို့ရပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

Body ထိန်းဖို့အတွက် လေ့ကျင့်ခန်းကတော့ မဖြစ်မနေလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ဖို့၊ Gym သွားဆော့ဖို့ အချိန်မရှိရင်တောင်မှ နေ့တိုင်း ကြိုးခုန်တာမျိုး၊ ပြေးတာမျိုး၊ Plank ထောက်တာမျိုးတွေတော့ ပုံမှန်လုပ်ပေးပါ။ အထိုင်မများအောင်လည်း ဂရုစိုက်ပေးပါ။ လှုပ်လှုပ်ရှားရှားနေပေးပါ။