အိုမင်းရင့်ရော်ခြင်းရဲ့ အစောပိုင်းလက္ခဏာတွေက သင့်လက်ပေါ်မှာ အရင်ဆုံးပေါ်လာတာကို သတိထားမိရဲ့လား ? အများစုက နုပျိုဖို့အတွက် မျက်နှာကိုဂရုစိုက်နေကြပေမယ့် လက်ကို ဂရုစိုက်ဖို့တော့ မေ့နေတတ်ကြပါတယ်။ လေထဲမှာ အစိုဓာတ်မရှိတဲ့အခါ လက်တွေကို ခြောက်စေသလို ပတ်ဝန်းကျင် အကြောင်းအရင်းတွေကြောင့်လည်း လက်ခြောက်တာက ဖြစ်တတ်ပါတယ်။

သင့်လက်ကို ဂရုစိုက်ဖို့ အဓိကအကြောင်းရင်းက ဘာလဲဆိုတာ သိပြီဆိုရင် အခုကစပြီး သင့်လက်တွေကို ဂရုစိုက်ဖို့ စသင့်နေပါပြီ။

လက်ကိုသေချာဆေးပါ

လက်မှာက တစ်နေ့လုံး အညစ်အကြေးတွေ ပိုးမွှားတွေနဲ့ ထိတွေ့နေရတာမလို့ လက်ကို အမြဲသေချာဆေးကြောဖို့ လိုပါတယ်။

Exfoliate လုပ်ပါ

လက်ပေါ်က အညစ်အကြေးတွေကို ဖယ်ရှားဖို့နဲ့ လက်အသားအရေကို နူးညံ့ချောမွေ့စေဖို့ နူးညံ့တဲ့ Exfoliator ကို ရွေးပြီး Exfoliation လုပ်ပေးပါ။

အစိုဓာတ်ထိန်းပါ

လက်ကိုခနခနဆေးတဲ့အခါ အသားအရေက ခြောက်လာတာမလို့ အစိုဓာတ်ဆုံးရှုံးမှုကို ကာကွယ်ဖို့အတွက် လက်ဆေးပြီးတာနဲ့ ချက်ချင်း Moisturizer လိမ်းပေးပါ။

လက်တွေကိုကာကွယ်ပါ

လက်ကို ရေနဲ့အကြာကြီးထိတဲ့အခါ လက်အရေပြားတွေက တွန့်လာတာ ၊ လက်တွေကြမ်းလာတာတွေမျိုးတွေ ဖြစ်တာကနေကာကွယ်ဖို့ ပန်းကန်ဆေးတဲ့အခါတိုင်း လက်အိတ်သုံးပါ။

နေရောင်ကနေကာကွယ်ပါ

လက်ပေါ်က အရေပြားရဲ့ကော်လာဂျင် မပျက်စီးအောင် ပိုကာကွယ်နိုင်လေလေ အရေးအကြောင်းတွေ မဖြစ်အောင် ကာကွယ်နိုင်လေလေမလို့ အပြင်သွားတိုင်း အနည်းဆုံး SPF 15 ပါတဲ့ Moisturizer လိမ်းပေးပါ။