ပြန်မဖြစ်နိုင်တော့ဘူးဆိုရင် ဘယ်လောက်ချစ်ချစ် လက်လွှတ်ပြီး ရအောင်မေ့ပစ်ရမှာပါ။ အဲ့လိုမဟုတ်ပဲ ဆက်ပြီး တမ်းတနေမယ်ဆိုရင်တော့ ကိုယ်ပဲပင်ပန်းမှာပါ။ ဒါကြောင့် ရည်းစားဟောင်းကို အခုအထိ လွမ်းနေသေးတယ်၊ ချစ်နေသေးတယ်ဆိုရင် ဒီအရာ ၅ ခုကို လုပ်ကြည့်ပါ။ တစ်ဖြေးဖြေးနဲ့ မေ့ပစ်နိုင်သွားပါလိမ့်မယ်။

သူငယ်ချင်းတွေနဲ့တွေ့ပြီးပျော်ပါ

တစ်ယောက်တည်းနေပြီး လွမ်းနေမယ့်အစား သူငယ်ချင်းတွေနဲ့ဒိတ်ပြီး စကားတွေပြော၊ စားသောက်ပြီး ပျော်ပါးနေလိုက်ပါ။ လွမ်းတဲ့စိတ်တွေပျောက်သွားပါလိမ့်မယ်။ တစ်ယောက်တည်းနေတာထက်စာရင် ပိုကောင်းပါတယ်။

Gym ဆော့ပါ

Gym ဆော့ရင် Relax ဖြစ်ပြီး တက်ကြွလာမယ်၊ ပိုပြီးတော့လည်း လှလာမယ်။ အမြဲတမ်းတွေးပြီး လွမ်းနေမယ့်အချိန်တွေလည်း လျော့သွားပြီး စိတ်တည်ငြိမ်လာပါမယ်။

စကားပြောပါ

တခြားကိုယ့်ကို စကားလာပြောတဲ့သူတွေ၊ ကိုယ့်ကို သဘောကျနေတဲ့သူတွေနဲ့လည်း စကားပြောကြည့်ပါ။ အတိတ်ကလူကို လွမ်းပြီးအချိန်ကုန်နေမယ့်အစား အသစ်တွေနဲ့ပဲ ပြန်စတင်ကြည့်ပါ။

ဝါသနာပါတာလုပ်ကြည့်ပါ

ကိုယ်ဝါသနာပါတဲ့အရာ၊ ကိုယ်လုပ်ချင်တဲ့အရာကို လုပ်နေရရင် ပျော်ရွှင်ရတဲ့အတွက် စတင်ပြီး လုပ်ဆောင်ကြည့်ပါ။ အဲ့ထဲမှာပဲ စိတ်နှစ်ပြီးလုပ်နိုင်ရင်တော့ ကိုယ့်အတွက်လည်း အကျိုးရှိသလို အတိတ်လူကို လွမ်းနေတာမျိုးတွေလည်း လျော့နည်းသွားမှာပါ။

အမှတ်တရတွေသိမ်းမထားပါနဲ့

အမှတ်တရတွေကို မဖျက်ဆီးနိုင်ရင် ဒါတွေမြင်တိုင်း လွမ်းနေမိမယ်၊ ခံစားနေရပါမယ်။ ဒါကြောင့် ခဏခဏလွမ်းနေမိတယ်၊ သူ့အကြောင်းတွေကို မမေ့နိုင်ပဲ တွေးနေမိတယ်ဆိုရင်တော့ သူနဲ့ပတ်သက်တဲ့အမှတ်တရတွေ အားလုံးကို ဆက်မသိမ်းထားတော့ပဲ ဖျက်ဆီးပစ်လိုက်ပါ။