ခြေတံသွယ်သွယ် ဖွေးဖွေးလေးတွေက ကိုယ့်ခြေလှမ်းတိုင်းကို ယုံကြည်မှု ရှိစေပါတယ်။ စကပ်တို ဝတ်တဲ့အချိန်မှာလည်း ချစ်စရာ ချောမွတ်တဲ့ ခြေတံတွေက ကိုယ့်ကို ပေါ့ပါးသွက်လက်စေမှာပါ။ ကိုယ့်ခြေထောက် အသားအရေကို မျက်နှာအသားအရေလို ဂရုစိုက်ပေးမယ်ဆိုရင်တော့ အချိန်ကြာလာတာနဲ့အမျှ ခြေတံလေးတွေ ဖြူဖွေးစိုပြေလာမှာပါ။ ဒီတော့ သင့်ရဲ့ ခြေတံလေး ချောမွတ်စိုပြေဖို့ ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ ခြေထောက်ကို ရေနွေးစိမ်ပေးပါ

Photo Source: Medical News Today

ခြေထောက်ကို ရေနွေးစိမ်ပေးတာက အရေပြားပေါက်လေးတွေကို ပွင့်သွားစေပြီး ပြင်ပ လိုးရှင်း၊ ထိန်းသိမ်း ခရင်တွေကို စိမ့်ဝင်မှု ပိုလွယ်စေပါတယ်။ ရေနွေးစိမ်တာကြောင့် ခြေထောက်ကို အနားပေးရာ ရောက်ပါတယ်။

၂။ ချေးချွတ်ပေးပါ

Photo Source: Healthshots

ရေနွေးနွေးလေးနဲ့ ပွတ်ပြီးနောက်မှာတော့ ခြေထောက်ကို ချေးချွတ်ပေးသင့်ပါတယ်။ ချေးချွတ်ပေးတာကြောင့် အသားအရေ ဆဲလ်သေတွေကို ကွာကျစေပါတယ်။ ခြေထောက် ပိုဖွေးလာဖို့ ပုံမှန်ချေးချွတ်ပေးသင့်ပါတယ်။

၃။ အမွှေးရိတ်ပေးပါ

Photo Source: Pinterest

ချေးချွတ် Scrub လုပ်ပြီးနောက်မှာတော့ ကိုယ့်ခြေသလုံးမွှေးတွေကို ရိတ်တာ၊ ဒါမှမဟုတ် Waxing လုပ်တာ ပြုလုပ်နိုင်ပါတယ်။ အမွှေးမရှိတဲ့အချိန် ခြေထောက်က နဂိုကထက် ပိုဖွေးနေပါလိမ့်မယ်။ ရိတ်မယ်ဆိုရင်တော့ ရေဓာတ်ဖြည့်ပေးတဲ့ Shave Gel မျိုးကို သုံးပေးသင့်ပါတယ်။

၄။ Moisturizer လိမ်းပေးပါ

Photo Source: Medical News Today

ရေ မခြောက်တခြောက်အချိန်မှာ Moisturizer လိမ်းပေးတာက အသားထဲ ပိုစိမ့်ဝင်စေပါတယ်။ အသားအရေကို ရေဓာတ်ပိုရစေပြီး ခြေတံလေးတွေ စိုပြေတောက်ပလာပါလိမ့်မယ်။

၅။ Dry Brush လုပ်ပေးပါ

Photo Source: Allure

ခြေထောက်ကို ပွတ်တဲ့ Brush နဲ့ ရေမစိုစေဘဲ ပွတ်ပေးသင့်ပါတယ်။ ဒီလိုပွတ်ပေးတာက ဆဲလ်သေတွေကို အလွယ်တကူ ကွာကျစေပါတယ်။ အမွှေးကျွတ်နာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အကြောပြတ်ရာတွေကို သက်သာစေပြီး အသားအရေကို တင်းရင်းစေပါတယ်။

By MyStyle Myanmar