အားလုံးပဲ မင်္ဂလာပါ။ Online ကနေ ဝယ်ရတာက အပြင်သွားရတာထက် ပိုသက်သာပါတယ်။ ကိုယ့်အိမ်မှာ ထိုင်နေရင်း လိုချင်တဲ့ အကျ်ီ/ပစ္စည်းကို ရှာပြီး မှာလိုက်ရုံပါပဲ။ ဒါပေမဲ့ တချို့ Online Shop တွေက မှန်ကန်ပြီး တချို့ကျတော့လည်း မယုံရပါဘူး။ Size ကြီးတယ်ထင်ရပေမယ့် ကိုယ့်ဆီရောက်လာမှ ကလေး Size ဖြစ်နေတတ်ပါတယ်။ ဒီတော့ သင်က Online Shop ကနေ ဝယ်လေ့ရှိတယ်ဆိုရင်တော့ ပိုအဆင်ပြေလာအောင် ဒီအချက်တွေကို သတိထားသင့်ပါတယ်။

၁။ ဆိုဒ်အကြောင်း အသေးစိပ် သိအောင်လုပ်ပါ


အကျင်္ ီဝယ်တဲ့အချိန်ဆိုရင် သင်သဘောကျတာနဲ့ ချက်ချင်း ဝယ်ပစ်တာမျိုးကို သတိထားသင့်ပါတယ်။ ကျွန်မတို့ အကျင်္ ီဝယ်တဲ့အချိန်ဆိုရင် Online Shop က Size Chart ပြပါတယ်။ တင်ဆိုဒ်၊ ခါးဆိုဒ်၊ ရင်ဆိုဒ်စတာတွေကို သေချာကြည့်ပြီးမှဝယ်သင့်ပါတယ်။

၂။ ကိုယ်သိတဲ့ တံဆိပ်ကို ဝယ်ယူပါ


ဒါက ကိုယ်နာမည်မသိတဲ့ တရုတ် Brand တွေ မပါပါဘူး။ သင်ဝယ်တဲ့ အကျင်္ီက Brand တစ်ခုရှိတယ်ဆိုရင် ပိုကောင်းပါတယ်။ ဒီ Brand ကအကျင်္ ီတွေကို ဝတ်ရတာ အဆင်ပြေရင် ဒီ Brand ကိုပဲ စွဲစွဲမြဲမြဲ အားပေးသင့်ပါတယ်။ စျေးတော့ပိုကြီးပါလိမ့်မယ်။

၃။ အကျင်္ ီအသားကို သတိထားပါ


အပြင်မှာ ဝယ်ရတာမဟုတ်တော့ အကျ်ီအသားကို ကိုင်ကြည့်လိုု့မရပါဘူး။ အကျ်ီတစ်ထည်ကို ဝတ်လိုက်တဲ့အချိန် သက်တောင့်သက်သာဖြစ်ဖို့ လိုအပ်ပါတယ်။ အကျ်ီအသားက ပူတဲ့ အသားဖြစ်နေရင် သင့်အတွက် အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် မဝယ်ခင်တညး်က အကျ်ီအသားက ဘယ်လိုမျိုးလဲ ကြိုမေးဖို့လိုပါတယ်။

၄။ သင်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းကို ရွေးချယ်ပါ


ကိုယ်က ဝိတ်မကျသေးဘဲ ခါးတုတ်နေတဲ့အချိန် Crop တွေ ဝယ်လို့အဆင်မပြေနိုင်ပါဘူး။ ကိုယ်နဲ့ ဘယ်လိုအကျ်ီက လိုက်လဲ။ ဘယ်လို Pattern အရောင်တွေက ကိုယ်နဲ့လိုက်ဖက်လဲ မဝယ်ခင်တည်းက သိထားသင့်ပါတယ်။ ဒီလိုမှ Online Shop က ပစ္စည်းရလာတဲ့အချိန် ကိုယ်ဝတ်ကြည့်တဲ့အခါ စိတ်ချမ်းသာပြီး နောင်တမရမှာပါ။

၅။ ပြန်လဲလို့ရမလား


ဒါကတော့ ဆိုင်တိုင်း မရလောက်ပါဘူး။ ပြန်လဲလို့ရတယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒီမှာတော့ ပြန်လဲဖို့က Online Shop တွေအနေနဲ့ အဆင်မပြေတဲ့ အခြေအနေ ရှိပါတယ်။

Photo Source: Pinterest

By MyStyle Myanmar