လူတိုင်း အသက်ကြီးရမှာပါပဲ။ တစ်ချိန်ချိန် မျက်နှာမှာ အရေးအကြောင်းတွေပေါ် လာမှာပါပဲ။ အနည်းနဲ့အများပဲ ကွာမှာပါ။ သင်က အနည်းအုပ်စုထဲ ပါချင်တယ်ဆိုရင်တော့ အသက်မကြီးခင်ကတည်းက အသားအရေကို ထိန်းသိမ်းပေးသင့်ပါတယ်။ အသက် ၂၅ ကျော်တာနဲ့ ကိုယ့်ကိုကိုယ် စပြီး ဂရုစိုက်သင့်ပါပြီ။ ကြိုပြီး အသားအရေ ထိန်းသိမ်းထားမှ ၃၀ ကျော် ၄၀ အရွယ်မှာ လှမြဲတိုင်း လှနေမှာပါ။ ဒီတော့ အိုမင်းရင့်ရော်မှုကို အထိုက်အလျောက် တားပေးနိုင်မယ့် နည်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ Retinol Cream လိမ်းပါ

Retinol က အသားအရေ အရေးအကြောင်းကို လျော့ပါးစေပြီး ကော်လဂျင် ထုတ်လုပ်မှုကို အားပေးပါတယ်။ ဒါကြောင့် Retinol Cream တွေကို တစ်ပတ်မှာ အနည်းဆုံး ၂ ကြိမ်ခန့် လိမ်းပေးသင့်ပါတယ်။

၂။ နေ့တိုင်း Sunscreen လိမ်းပါ

နေရောင်ခြည်က အသားအရေ Elastic အမျှင် တွေကို ပျက်စီးစေပြီး အရေးအကြောင်း ပိုပေါ်စေပါတယ်။ သင်က အရိပ်ထဲမှာ အမြဲနေတတ်သူ ဖြစ်ရင်တောင် နေလောင်ကာ ခရင်ကို လိမ်းပေးရပါမယ်။ Spf 50 ပါဝင်တဲ့ Sunscreen တွေကို နေ့အချိန်မှာ အမြဲလိမ်းပေးသင့်ပါတယ်။

၃။ Vitamin C Serum သုံးပါ

Vitamin C ကို သင့်ရဲ့ Morning Skincare Routine ထဲ ထည့်ပေးရပါမယ်။ Vitamin C က Free Radicals တွေကို ဓာတ်ပြယ်စေပြီး အသားအရေ တင်းရင်းနုပျိုဖို့ လိုအပ်တဲ့ Collagen ကို ထုတ်ပေးပါတယ်။

၄။ Exfoliate လုပ်ပါ

ချေးချွတ် Scrub နဲ့ မျက်နှာကို တစ်ပတ်မှာ နှစ်ခါ ပွတ်တိုက်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးတာက ဆဲလ်သေတွေကို လျော့ပါးစေပြီး အရေးအကြောင်းနဲ့ အရေပြားတွန့်တာတွေကို သက်သာစေပါတယ်။

၅။ Calming Product တွေကို သုံးပါ

Calming Product ဆိုတာကတော့ အသားအရေကို အနားပေးတဲ့၊ အေးမြစေတဲ့၊ အာဟာရပြန်ဖြည့်ပေးတဲ့ အလှကုန်တွေကို ဆိုလိုပါတယ်။ အသားအရေ ယောင်ယမ်းတာက အရေပြား လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် Eye Gel နဲ့ အသားအရေ ယောင်ယမ်းမှုကို သက်သာစေတဲ့ အလှကုန်ပစ္စည်းတွေကို သုံးပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar