လူတိုင်းက ပျော်ရွှင်ချင်ပါတယ်။ နှစ်တစ်နှစ်ကုန်သွားပြီးရင် နှစ်ဟောင်းမှာ စိတ်ညစ်ခဲ့ရသလို စိတ်မညစ်ချင်ကြဘူး။ နှစ်ဟောင်းကထက် ပိုပြီး ပျော်ရွှင်ချင်ကြပါတယ်။ ဒီလိုနှစ်သစ်ကစပြီးတော့ နေ့ရက်တိုင်းမှာ ပျော်ရွှင်နိုင်ဖို့ဆိုရင် ဒီအချက်တွေကို လုပ်ပေးဖို့ လိုပါတယ်။
အကောင်းမြင်တဲ့စိတ်ထားပါ
အကောင်းမြင်စိတ်ထားတတ်ရင်တော့ ဘာကြီးပဲဖြစ်နေပါစေ၊ ကိုယ်ပျော်ရွှင်ရတယ်။ စိတ်ချမ်းသာရတယ်။ စိတ်ကျေနပ်ရတယ်။ အနည်းဆုံးတော့ စိတ်ညစ်စရာတွေ နည်းသွားပါလိမ့်မယ်။
လွှတ်ချသင့်တဲ့အရာတွေကို လွှတ်ချလိုက်ပါ
နှစ်ဟောင်းမှာ ကိုယ့်အတွက် နာကျင်စေတဲ့အရာတွေကို နှစ်သစ်ရောက်တဲ့အထိ ဆက်ယူသွားပြီး ခံစားနေမှာလား၊ ပျော်အောင်နေမှာလား စဉ်းစားပါ။ မဖြစ်နိုင်တော့တဲ့အရာတွေကို ဆက်ပြီး ဖက်တွယ်မနေပါနဲ့တော့။ လွှတ်ချသင့်တဲ့အရာမှန်သမျှ အကုန်လုံးကို လွှတ်ချခဲ့လိုက်ပါ။ ဒါဆို သေချာပေါက် နှစ်သစ်မှာ ပျော်ရွှင်ရပါတယ်။
ပိုက်ဆံစုပါ
အသုံးအစွဲတွေကို လျှော့ပြီး ပိုက်ဆံစုပါ။ ပိုက်ဆံစုပြီး ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကို လုပ်နိုင်အောင် ကြိုးစားပါ။ စိတ်ကျေနပ်ပျော်ရွှင်ရမယ့်အပြင် ကောင်းသောပြောင်းလဲမှုနဲ့လည်း ကြုံရမှာပါ။
များများပြုံးပါ
များများပြုံးရယ်နိုင်အောင် ပျော်ပျော်နေပါ။ စိတ်ညစ်စရာတွေကို အကုန်လွှတ်ချပြီး ကိုယ်ပျော်ရွှင်ဖို့အတွက်ပဲ ခေါင်းထဲထည့်ပါ။ ကိုယ်ပျော်ရွှင်မယ့်အရာတွေကိုပဲ ရွေးလုပ်ပါ။
ကျန်းမာအောင်နေပါ
ဘယ်လောက်ပဲပျော်နေရပါစေ ကျန်းမာရေးမကောင်းရင် အပြည့်အဝမပျော်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုချစ်ပါ၊ ဂရုစိုက်ပါ။ ကျန်းမာအောင်နေပါ။ ကိုယ်ရောစိတ်ပါ ကျန်းမာမှ အပြည့်အဝ ပျော်ရွှင်နို်င်ပါမယ်။
photo source: www.freepik.com