ပြတ်တောက်ပြီးသွားတဲ့ Broken Relationship ကနေ ရုန်းမထွက်နိုင်သေးတဲ့သူတွေ အများကြီးရှိပါတယ်။ ပြန်လည်းအဆင်မပြေနိုင်တော့တာကို Move On မလုပ်နိုင်တဲ့အခါ ကိုယ်ပဲ စိတ်ဆင်းရဲပြီး နာကျင်ခံစားနေရမှာပါ။ ဒီလို Broken Relationship ကနေ Move On လုပ်နိုင်လာတဲ့အခါမှာတော့ သင့်အတွက် ဒီလိုကောင်းမွန်တဲ့အရာ ၅ ခုကို ရရှိလာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုချစ်တတ်လာခြင်း

Broken Relationship ကနေ Move On လုပ်နိုင်တဲ့အခါမှာတော့ တခြားသူထက် ကိုယ့်ကိုယ်ကို ပိုဦးစားပေးတတ်လာမယ်၊ ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာမယ်၊ အရင်ထက်ပိုပြီးတော့လည်း Self Care တွေ လုပ်ဖြစ်လာပါလိမ့်မယ်။

ခွင့်လွှတ်တတ်လာခြင်း

တချို့ကျတော့ ဒီလူကိုချစ်နေသေးတာလည်း မဟုတ်ဘူး လွမ်းနေတာလည်းမဟုတ်ဘူး ဒါပေမယ့် ပြတ်တောက်သွားပြီးတဲ့ Relationship ကနေ Move On မလုပ်နိုင်ပဲ နာကျည်းနေတာ၊ မုန်းနေတာ၊ ခဏခဏဒီအကြောင်းတွေ ခေါင်းထဲရောက်လာပြီး နာကျည်းတာ ဒေါသထွက်တာတွေ ဖြစ်နေတာလည်း ရှိပါတယ်။ ဒီလိုတွေဖြစ်နေတာကလည်း သေချာ Move On မလုပ်နိုင်သေးလို့ ပင်ပန်းနေရတာပါ။ သေချာ Move On လုပ်နိုင်သွားပြီဆိုရင်တော့ ဘာစိတ်မှမရှိတော့ပဲ အားလုံးကိုလည်း ခွင့်လွှတ်တတ်လာပါလိမ့်မယ်။

နာကျင်မှုတွေမရှိတော့ခြင်း

Broken Relationship ကနေ Move On လုပ်နိုင်သွားတဲ့အခါမှာတော့ ဝမ်းနည်းတာ၊ မုန်းတာ၊ ခံစားရတာ စတဲ့နာကျင်မှုတွေ ဘာမှမရှိတော့ပါဘူး။ နာကျင်မှုတွေမရှိတော့ရင် အရမ်းကိုပျော်စရာကောင်းသွားပါလိမ့်မယ်။

ပျော်ရွှင်မှုရလာခြင်း

စိတ်ညစ်စရာကောင်းခဲ့တဲ့ Broken Relationship ကနေ Move On လုပ်နိုင်သွားတော့ ကိုယ့်အတွက် နေ့ရက်တိုင်းက စိတ်လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်နေပါလိမ့်မယ်။ ကိုယ့်ကိုယ်လည်း ပျော်အောင်ထားတတ်လာပြီး စိတ်ချမ်းသာနေရပါလိမ့်မယ်။

သင်ခန်းစာရခြင်း

Move On လုပ်နိုင်သွားရင် အတိတ်မှာဖြစ်ခဲ့တာတွေကို သင်ခန်းစာရပြီး နောက်ဒီလိုအခြေအနေမျိုး မဖြစ်အောင် ဆင်ခြင်နိုင်လာမယ်၊ မကောင်းတဲ့သူတွေကို ရှောင်တတ်လာမယ်။ ကိုယ်မှားခဲ့တာတွေရှိရင်လည်း နောက်ဆိုမဖြစ်အောင် ဆင်ခြင်နိုင်လာပါမယ်။ ဒီတော့ အကောင်းဘက်ကတွေးရင် သင်ခန်းစာရသွားတာပေါ့။