ပထမဆုံး First Date မှာထဲက မပြောသင့်တဲ့အရာ မလုပ်သင့်တဲ့အရာတွေကို လုပ်လိုက်ပြောလိုက်မိရင် First Date ပြီးတော့ စိတ်ပျက်သွားတာမျိုး၊ ဘာမှဆက်မဖြစ်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်တကယ်သဘောကျတဲ့သူနဲ့ First Date လုပ်တဲ့အခါမှာ သတိထားဆင်ခြင်လို့ရအောင် First Date မှာ မပြောသင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ရည်းစားဟောင်းအကြောင်းတွေမပြောပါနဲ့

ပထမဆုံး First Date မှာ ရည်းစားဟောင်းအကြောင်းတွေပြောတာလောက် ဆိုးတဲ့အရာတော့ ရှိတော့မှာမဟုတ်ပါဘူး။ တစ်ခါထဲစိတ်ပျက်သွားတာမျိုး၊ ရည်းစားဟောင်းကို မမေ့နိုင်သေးတဲ့သူလို့ သတ်မှတ်ပြီး ရှောင်သွားတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကိုယ်သဘောကျတဲ့သူနဲ့ First Date မှာ ဘာမှပြောစရာစကား ရှာမရရင်တောင်မှ ရည်းစားဟောင်းအကြောင်းတော့ မပြောမိပါစေနဲ့။ တစ်ဖက်လူရဲ့ ရည်းစားဟောင်းအကြောင်း Past Relationship အကြောင်းတွေလည်း မမေးပါနဲ့။

ကိုယ့်အကြောင်းချည်းပဲမပြောပါနဲ့

 

 

တစ်ဖက်လူနဲ့စကားပြောတဲ့အခါ သူများနားထောင်ချင်လားမသိ နားမထောင်ချင်လားမသိပဲ ကိုယ့်အကြောင်းတွေချည်းပဲ တောက်လျှောက်ထိုင်ပြောနေတာမျိုး မလုပ်ရပါဘူး။ ကိုယ့်အကြောင်း မိတ်ဆက်ရင်း တစ်ဖက်လူအကြောင်းလည်း မေးတာမျိုး လုပ်ပေးပါ။ တစ်ဖက်လူပြောတာလည်း နားထောင်ပေးပါ။ ကိုယ်အကြောင်း ကိုယ်ပြောချင်တာတွေ၊ ကိုယ့်ကောင်းကြောင်းတွေချည်း ပြောတာမျိုး၊ ကြွားတာမျိုးတွေ မလုပ်သင့်ပါဘူး။

ကိုယ့်အားနည်းချက်တွေကိုမပြောပါနဲ့

ကိုယ့်အားနည်းချက်ဆိုတာက ခင်တာကြာတဲ့သူကိုတောင် မပြောသင့်ပါဘူး။ အခုမှတွေ့တဲ့သူနဲ့ဆို ပိုတောင်မပြောသင့်တဲ့အရာပါ။ ကိုယ့်အားနည်းချက်ကို သူများသိလို့ ကောင်းတာမရှိပါဘူး။ ဒါကြောင့် ပထမဆုံး First Date မှာ တစ်ဖက်လူကို ကိုယ့်အားနည်းချက်တွေ၊ ကိုယ့်ရဲ့မကောင်းတဲ့အချက်တွေကို ပြောပြတာမျိုး မလုပ်ပါနဲ့။

ကိုယ်ရေးကိုယ်တာ Trauma တွေကိုမပြောပါနဲ့

ကိုယ်နဲ့တွဲတာကြာနေတဲ့ ရည်းစားလည်းမဟုတ်၊ သူငယ်ချင်းလည်းမဟုတ်သေးပဲ အခုမှ ပထမဆုံး စ Date တဲ့သူကို ကိုယ်ရေးကိုယ်တာ Trauma တွေ၊ အတိတ်မှာရခဲ့တဲ့ Trauma တွေအကြောင်း တကူးတကထုတ်မပြောရပါဘူး။

အရမ်းစိတ်လှုပ်ရှားနေကြောင်းမပြောပါနဲ့

ဒီလူနဲ့တွေ့ရဖို့ ကိုယ်ဘယ်လောက် စိတ်လှုပ်ရှားနေကြောင်းတွေ ထုတ်ပြောတာမျိုး မလုပ်ပါနဲ့။ တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်အတိုင်းလေးပဲ နေပေးပါ။ အရာရာကိုထုတ်ပြောရင်လည်း အားနည်းချက်ဖြစ်တာပဲရှိပါတယ်။ တစ်ဖက်လူရဲ့ အမြင်ကလည်း ရှိသေးတာကြောင့် အရမ်းစိတ်လှုပ်ရှားနေကြောင်း ပြောရင် ပိုပြီးစိတ်လှုပ်ရှားတာ၊ အမှားအယွင်းဖြစ်တာမျိုးတွေ ဖြစ်တတ်တာကြောင့် ဒီအရာလည်း ဆင်ခြင်သင့်ပါတယ်။