တစ်နေ့လုံးစိတ်မကြည်လင်ရင် အလုပ်လုပ်ရတာလည်း အဆင်မပြေ၊ စာကျက်ရတာလည်း အဆင်မပြေ၊ လူတွေနဲ့ပြောဆိုဆက်ဆံရတာလည်း စိတ်မရှည်၊ စိတ်ဆတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို တစ်နေ့လုံး စိတ်မကြည်လင်တာမျိုးတွေ မဖြစ်စေဖို့အတွက် မနက်ခင်းမှာမပြုလုပ်သင့်တဲ့အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။

အရမ်းနောက်ကျမှအိပ်ယာထခြင်း

အရမ်းနောက်ကျမှ အိပ်ယာထရင် ခေါင်းမကြည်မလင်ဖြစ်ပြီး နုံးနေတတ်ပါတယ်။ နေရတာလန်းဆန်းမှု မရှိတဲ့အတွက် ဘာလုပ်လုပ်စိတ်မကြည်ပဲ တစ်နေ့တာလုံးလည်း စိတ်မကြည်မလင် ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အချိန်မှန်မှန် အိပ်ရေးဝဝအိပ်ပါ။ အရမ်းနောက်ကျမှ အိပ်ယာထတာမျိုး မလုပ်ပါနဲ့။

အိပ်ယာမထပဲဖုန်းသုံးခြင်း

တော်တော်များများ လုပ်လေ့ရှိတဲ့အကျင့်ကတော့ အိပ်ယာနိုးရင်မထပဲ လှဲပြီး ဖုန်းသုံးတာပါပဲ။ အချိန်ကြာကြာသုံးလေ ခေါင်းမကြည်ဖြစ်ပြီး စိတ်ရောလူပါ ထိုင်းမှိုင်းစေပါတယ်။ ဒီတော့ စိတ်မကြည်တာတွေ ဖြစ်လာတော့တာပေါ့။

မနက်စာမစားခြင်း

မနက်စာကို ဗိုက်ပြည့်အောင်စားဖို့၊ အာဟာရရှိတာစားဖို့က အရမ်းကိုအရေးကြီးပါတယ်။ ဒါမှ တစ်နေ့တာလုံး အင်အားပြည့်ဝနေမှာပါ။ မနက်စာမစားရင် အားမရှိဖြစ်မယ်၊ ခေါင်းမူးမယ်၊ နေရတာထိုင်းမှိုင်းသလို မလန်းဆန်းသလိုတွေ ဖြစ်ပါမယ်။ ကျန်းမာရေးနဲ့လည်း မညီညွတ်ပါဘူး။

စိတ်ညစ်စရာတွေတွေးနေခြင်း

မနက်စောစောစီးစီး စိတ်ညစ်စရာတွေ စတွေးနေရင်တော့ တစ်နေ့တာလုံးဘူပြီး စိတ်ကြည်လင်မှု ရှိတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် မနက်နိုးတာနဲ့ ကောင်းတာတွေပဲတွေးပြီး စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထပါ။ စိတ်ညစ်စရာတွေကို မေ့ထားပါ။ လုံးဝမတွေးပါနဲ့။

ဒေါသများနေခြင်း

မိုးလင်းတာနဲ့ ဒေါသတွေများပြီး စူပုပ်နေတာ၊ ဘာလုပ်လုပ်စိတ်မရှိဖြစ်ပြီး ဒေါသထွက်နေတာက တစ်နေ့တာလုံး ဖြစ်သွားစေပါတယ်။ မိုးလင်းထဲကဖြစ်တာက သူများနဲ့တွေ့လည်း အဆင်မပြေ ပိုဆိုးလာပြီး တစ်နေ့တာလုံး စိတ်ကြည်လင်မှုမရှိတော့တာမျိုးတွေ ဖြစ်တတ်ပါတယ်နော်။ ဒါကြောင့် ဒီအချက်ကိုလည်း ဆင်ခြင်သင့်ပါတယ်။