စိတ်ညစ်စရာတွေအရမ်းများလာရင် အလိုလိုမွန်းကြပ်ပြီး နေရတာ အဆင်မပြေတော့ပါဘူး။ ဒါပေမယ့် တော်တော်များများက ဒီလိုဖြစ်နေတာကနေ ရုန်းထွက်ဖို့မကြိုးစားပဲ တစ်ယောက်ထဲနေပြီး အတွေးပေါင်းများစွာနဲ့ ပိုစိတ်ညစ်နေတတ်ကြပါတယ်။ ဒါကြောင့် စိတ်ညစ်စရာတွေများပြီး မွန်းကြပ်လာတဲ့အခါမှာ စိတ်သက်သာရာရသွားအောင် လုပ်ကြည့်သင့်တဲ့အရာ ၅ ခုကို မျှဝေပေးလိုက်ပါတယ်။

Social Media သုံးတာကိုနားလိုက်ပါ

စိတ်ညစ်နေတဲ့အချိန်မှာ Social Media သုံးရင် ပိုစိတ်ညစ်ရတတ်ပါတယ်။ Toxic ပိုဖြစ်စေပါတယ်။ ဒါကြောင့် ခဏလောက် Social Media သုံးတာကို ရပ်နားလိုက်ပြီး တခြားအရာတွေကို အစားထိုးလုပ်လိုက်ပါ။

ယောဂကျင့်ပါ

စိတ်ညစ်နေချိန်၊ စိတ်ရှုပ်နေချိန်မှာ Workout လုပ်ရင် ပင်ပန်းပြီး၊ လှုပ်ရှားရတာတွေများပြီး ပိုစိတ်တိုလာတတ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ အကောင်းဆုံးကတော့ ယောဂကျင့်ပေးတာပါပဲ။ ယောဂကျင့်တာက ကိုယ်ရောစိတ်ပါ သွက်လက်ပေါ့ပါးစေပြီး စိတ်တည်ငြိမ်စေပါတယ်။ Stress တွေလည်း ပြေလျော့စေတာကြောင့် စိတ်ညစ်ပြီး မွန်းကြပ်နေချိန်မှာ လုပ်ပေးသင့်ပါတယ်။

တရားထိုင်ပါ

ယောဂမကျင့်နိုင်ရင် တရားထိုင်ပေးလို့ရပါတယ်။ တိတ်ဆိတ်ပြီး၊ အေးတဲ့နေရာ၊ လေကောင်းလေသန့်ရမယ့်နေရာ၊ အာရုံခံလို့ရမယ့်နေရာမျိုးမှာ တရားထိုင်ပေးပါ။ စိတ်တည်ငြိမ်ပြီး ပေါ့ပါးသွားစေပါတယ်။ စိတ်ညစ်စရာတွေလည်း အများကြီးလျော့ကျသွားစေပါတယ်။

စိတ်ဖိစီးမှုပေးတဲ့သူတွေနဲ့ဝေးဝေးနေပါ

စိတ်တွေအရမ်းညစ်ပြီး မွန်းကြပ်နေချိန်မှာ ကိုယ့်ကိုစိတ်ဖိစီးမှုပေးတဲ့သူတွေ၊ စိတ်ညစ်စရာတွေပေးတဲ့သူတွေနဲ့ ဝေးဝေးနေပါ။ သူတို့နဲ့တွေ့နေရတာက ကိုယ့်အတွက်ပိုပြီး စိတ်သောကရောက်စေပါတယ်။ ဒါကြောင့် တစ်ယောက်ထဲ စိတ်ပျော်အောင်နေရင်နေ၊ ကိုယ့်ကိုချစ်တဲ့သူတွေနဲ့နေရင်နေပါ။

စိတ်ကို Relax ဖြစ်စေမယ့်အရာလုပ်ပါ

အရမ်းစိတ်ညစ်ပြီး မွန်းကြပ်လာရင် တခြားဘာမှမစဉ်းစားပါနဲ့။ အရင်ဆုံး ကိုယ့်စိတ်ကို Relax ဖြစ်အောင်လုပ်ရပါမယ်။ စိတ်ကို Relax ဖြစ်စေမယ့်အရာတစ်ခုခု ကိုယ်နှစ်သက်ရာတွေပဲဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ အစားအသောက်ထွက်စားတာပဲဖြစ်ဖြစ်၊ Staycation ပြီး အနားယူတာပဲဖြစ်ဖြစ်၊ ရေကူးတာပဲဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်။