တစ်ခါတစ်လေကျရင် ကိုယ့်အပေါ် ဆက်ဆံပြောဆိုပုံတွေ၊ လုပ်ရပ်တွေကြောင့် ကိုယ့်ချစ်သူအပေါ်မှာ သံသယစိတ်ဝင်လာပြီဆိုရင် ဒီအရာ ၅ ခုကို ပြန်ပြီးစဉ်းစားကြည့်ပါ။

နောက်ပိုင်းသူ့ကြောင့်စိတ်ဆင်းရဲရလား

နောက်ပိုင်းမှာ သူ့ကြောင့် ပျော်ရတာနည်းလာပြီး တစ်ခုပြီးတစ်ခု စိတ်ညစ်နေရတယ်၊ စိတ်ဆင်းရဲနေရတယ်၊ ဝမ်းနည်းပြီး ငိုနေရတာတွေ များလာတယ်ဆိုရင် သေချာစဉ်းစားပါ။ ဘာကြောင့် ဒီလိုတွေဖြစ်နေတာလဲ၊ စတွဲထဲကလား နောက်ပိုင်းမှဖြစ်လာတာလား စဉ်းစားပါ။ နောက်ပိုင်းမှာ ပြောင်းလဲလာတာ၊ ဒီလိုတွေဖြစ်လာတာဆိုရင်တော့ သေချာစောင့်ကြည့်ဖို့ လိုပါတယ်။ Relationship တစ်ခုမှာ စိတ်ချမ်းသာဖို့က အရမ်းအရေးကြီးပါတယ်။

အရင်လိုဂရုစိုက်ပြီးကြင်နာမှုရှိသေးရဲ့လား

ကိုယ့်အပေါ်မှာ စတွဲတုန်းကလို ဂရုစိုက်ကြင်နာရဲ့လား၊ နောက်ပိုင်းမှာ လုံးဝဂရုမစိုက်တော့ပဲ ပစ်ထားလို့ နောက်တစ်ယောက်ရနေပြီလားဆိုတဲ့ သံသယစိတ်တွေ ဝင်နေတာလား ပြန်စဉ်းစားပါ။ တော်တော်များများကတော့ တွဲတာကြာလာရင် စတွဲတုန်းကတော့ ဂရုစိုက်ကြင်နာတာတွေ မရှိတော့ပါဘူး။

ကိုယ့်အတွက်အချိန်ပေးရဲ့လား

အရာရာကိုယ့်အတွက်ပဲ ဦးစားပေးရမှာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ချစ်သူအတွက်တောင် အချိန်မပေးနိုင်တာမျိုး၊ အရေးကြီးတဲ့နေ့တွေမှာတောင် အချိန်မပေးနိုင်တာမျိုး၊ တခြားသူတွေနဲ့သာ တွေ့နေပြီး သင်နဲ့ဆိုအချိန်မရှိတာမျိုးတွေ ဖြစ်နေရင်တော့ သေချာစဉ်းစားဖို့လိုနေပါပြီ။

ခဏခဏလိမ်ညာနေလား

Relationship တစ်ခုမှာ ခဏခဏလိမ်ညာပြောတတ်တဲ့သူနဲ့ဆိုရင် ရေရှည်မှာ အဆင်မပြေပါဘူး။ ဒီလိမ်ညာတဲ့ကိစ္စကြောင့်ပဲ ပြဿနာတွေတက်နေမှာပါ။ ကိုယ့်ချစ်သူက နောက်ပိုင်းမှာ ကိုယ့်ချစ်သူအပေါ်မှာ သံသယစိတ်တွေများလာရင် သူနောက်ပိုင်းမှာ ကိုယ့်အပေါ် လိမ်ညာတာမျိုးတွေ ခဏခဏဖြစ်လာလို့လားဆိုတာကိုလည်း ပြန်စဉ်းစားကြည့်ပါ။

အခြားမိန်းကလေးတွေနဲ့ပတ်သက်နေတုန်းလား

အလကားနေရင်းတော့ ကိုယ့်ချစ်သူကို ဘယ်သူမှ သံသယမဝင်ပါဘူး။ သင်မကြိုက်ဘူးပြောတာတောင် ဆက်လုပ်နေတုန်းလား၊ ကိုယ်တစ်ယောက်လုံးရှိနေတာတောင် အခြားမိန်းကလေးတွေနဲ့ ပတ်သက်နေတုန်းလား၊ ရောနှောနေတုန်းလားဆိုတာကို စဉ်းစားပါ။ ဒီလိုတွေဖြစ်နေလို့ သံသယစိတ်တွေ ဝင်နေရတာ၊ စိတ်ပင်ပန်းနေရတာဆိုရင် ထုတ်ပြောပါ။
ထုတ်ပြောတာတောင်မှ မဆင်ခြင်ပဲ သူလုပ်ချင်တာလုပ်နေမယ်ဆိုရင်တော့ စိတ်ပင်ပန်းမခံတော့ပဲ ဆုံးဖြတ်ချက်သေချာချသင့်ပါတယ်။