ကိုယ့်မှာ BFF လို့ သတ်မှတ်ရမယ့် သူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့ကို တန်ဖိုးထားသင့်ပါတယ်။ အခုခေတ်မှာ စစ်မှန်တဲ့သူငယ်ချင်းထက် အတုအယောင်တွေ အပေါ်ယံခင်မင်မှုတွေက အရမ်းများပါတယ်။ ဒါကြောင့် ကိုယ့်အပေါ်ကောင်းတဲ့ သူငယ်ချင်း BFF တွေအပေါ်မှာ ဒီအချက် ၅ ချက်ကို ဘယ်တော့မှမလုပ်မိပါစေနဲ့။

လိုအပ်ချိန်မှာရှောင်ဖယ်တာမျိုးမလုပ်ပါနဲ့

တကယ်အစစ်အမှန် ခင်မင်ကြတဲ့သူငယ်ချင်းတွေဆိုရင် သူငယ်ချင်းဆိုတာလည်း Second Family လိုပါပဲ။ အေးအတူပူအမျှ နေထိုင်ကြတာပါ။ ဒါကြောင့် ကိုယ့်သူငယ်ချင်းက အကူအညီလိုလာတဲ့အခါ ကိုယ့်ကိုလိုအပ်လာတဲ့အခါမှာ ကိုယ်တတ်နိုင်သလောက် ကူညီပေးတာ၊ အားပေးတာ၊ ဖေးမတာမျိုးတွေ လုပ်ပေးရပါမယ်။ လိုအပ်ချိန်မှာ ရှောင်ဖယ်တာမျိုးတွေ၊ အကူအညီမပေးတာမျိုးတွေ မလုပ်သင့်ပါဘူး။

နောက်ကွယ်မှာအတင်းပြန်ပြောတာမျိုးမလုပ်ပါနဲ့

သူငယ်ချင်း BFF ဆိုပြီး ခေါင်းစဉ်တပ်ပြီး နောက်ကွယ်ရောက်ရင် သူ့အတင်းတွေကို တခြားသူနဲ့ပြောနေတာမျိုး၊ သူ့မကောင်းကြောင်းတွေ ပြောနေတာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ ကိုယ့်ဘက်က ဒီလိုလုပ်ရပ်တွေကို လုပ်နေရင် စစ်မှန်တဲ့သူငယ်ချင်းတွေနဲ့ တစ်ဖြေးဖြေး ဝေးသွားပါလိမ့်မယ်။

အောင်မြင်မှုကိုမနာလိုမဖြစ်ပါနဲ့

စစ်မှန်တဲ့သူငယ်ချင်းဆိုတာက ကိုယ့်သူငယ်ချင်းအပေါ်မှာ မနာလိုစိတ်တွေ၊ မကောင်းတဲ့စိတ်တွေ မရှိသင့်ပါဘူး။ ကျရှုံးချိန်မှာ အတူတူဝမ်းနည်းပေးပြီး အောင်မြင်ချိန်မှာလည်း အတူတူအောင်ပွဲခံပြီး ပျော်ရွှင်ပေးရမှာပါ။ ကိုယ့်ထက်သာသွားလို့ဆိုပြီး မနာလိုတာမျိုး မဖြစ်ပါစေနဲ့။

သူငယ်ချင်းချစ်သူကိုမလုယူပါနဲ့

အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ အခုခေတ်မှာဆိုရင် စနှိုက်ကျော်တယ်ဆိုတာပါပဲ။ ကိုယ့်သူငယ်ချင်းအရင်းကြီးရဲ့ ချစ်သူကိုပဲဖြစ်ဖြစ်၊ သူငယ်ချင်းကြိုက်နေတဲ့ Crush ကိုပဲဖြစ်ဖြစ် လုယူတာမျိုး၊ ဖောက်ပြန်တာမျိုးတွေ လုံးဝကိုမလုပ်သင့်ပါဘူး။

ယုံကြည်မှုကိုမချိုးဖောက်ပါနဲ့

နောက်ဆုံးတစ်ချက်ကတော့ ကိုယ့်သူငယ်ချင်းအပေါ်မှာ ယုံကြည်မှုကို မချိုးဖောက်မိပါစေနဲ့။ ကိုယ့်ကိုယုံကြည်လို့ ပြောပြတဲ့အရာတွေ၊ ယုံကြည့်လို့လုပ်ပေးထားတဲ့အရာတွေကို ချိုးဖောက်တာမျိုး ဘယ်တော့မှာမလုပ်မိဖို့ လိုပါတယ်။