တစ်ယောက်နဲ့တစ်ယောက် အမုန်းတရားတွေထားပြီး လမ်းခွဲမယ့်အစား Peace ဖြစ်စွာနဲ့ အေးအေးဆေးဆေး လမ်းခွဲချင်တဲ့သူတွေ ရှိမှာပါ။ တကယ်လို့ Peace ဖြစ်စွာနဲ့ လမ်းခွဲမယ်ဆိုရင်တော့ ဒီအချက် ၅ ချက်ကို မလုပ်မိဖို့လိုမယ်နော်။

Public မှာအရှက်ခွဲတာမျိုးမလုပ်ပါနဲ့

တစ်ယောက်နဲ့တစ်ယောက် Public မှာ အရှက်ခွဲတာမျိုး၊ Facebook မှာ စာတွေတင်ပြီး တစ်ယောက်နဲ့တစ်ယောက် အရှက်ခွဲပြီးမှ လမ်းခွဲတာမျိုးတွေ မလုပ်သင့်ပါဘူး။ ကိုယ့်အကြောင်း ကိုယ်ပြောပြမှ သူများကသိမှာပါ။ ဒါကို အားလုံးဖွင့်ချပြီး တစ်ယောက်နဲ့တစ်ယောက် လူသိခံ၊ အရှက်ကွဲခံပြီးမှ လမ်းခွဲတာမျိုးဆိုရင် Peace ဖြစ်စွာနဲ့လမ်းခွဲတာ မဟုတ်တော့ပါဘူး။

အနိုင်ယူလိုစိတ်နဲ့စကားမများပါနဲ့

အေးအေးဆေးဆေးပဲ လမ်းခွဲချင်တယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ညှိုနှိုင်းပြီး နှစ်ဦးသဘောတူပဲ အေးဆေးလမ်းခွဲလိုက်ပါ။ အနိုင်ယူစိတ်တွေနဲ့ စကားနိုင်လု၊ တစ်ယောက်ကိုတစ်ယောက် နာအောင်တွေပြောပြီး စကားများရန်ဖြစ်တာမျိုး မလုပ်ပါနဲ့။

Blame မလုပ်ပါနဲ့

ပြတ်ပြီးတော့မှ တစ်ယောက်နဲ့တစ်ယောက် Blame နေတာမျိုး၊ နောက်ကွယ်မှာ Shaming ပြန်လုပ်နေတာမျိုးတွေလည်း မလုပ်ပါနဲ့။ အေးအေးဆေးဆေးနဲ့ ကောင်းကောင်းမွန်မွန်ပဲ လမ်းခွဲပြီး ကိုယ့်လမ်းကိုယ်လျှောက်တာ အကောင်းဆုံးပါပဲ။

လမ်းခွဲရတဲ့အကြောင်းအရင်းကိုမညာပါနဲ့

လမ်းခွဲတဲ့အခါမှာ တော်တော်များများလုပ်လေ့ရှိတဲ့အချက်က ကိုယ်ဘာသာကိုယ် လမ်းခွဲချင်တာကို တစ်ဖက်လူရဲ့အပြစ်တွေရှာကြံပြောတာမျိုး၊ သူ့ကြောင့် လမ်းခွဲဖို့ ဖြစ်လာရပါတယ်ဆိုတာမျိုး၊ မိဘကို အကြောင်းပြတာမျိုးတွေ မလုပ်ပါနဲ့။ လမ်းခွဲရတဲ့ အကြောင်းအရင်းကိုမညာပဲနဲ့ ပွင့်ပွင့်လင်းလင်းပဲ လမ်းခွဲပါ။

အမုန်းတရားတွေမထားပါနဲ့

Peace ဖြစ်စွာနဲ့ လမ်းခွဲချင်တယ်ဆိုရင် အမုန်းတရားတွေ မထားပါနဲ့။ နှစ်ယောက်လုံးအတွက် ပူလောင်စရာတွေ ဖြစ်စေပါတယ်။ လမ်းခွဲပြီး ကိုယ့်လမ်းကိုယ်လျှောက်ရင်း တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမုန်းခြင်းမရှိတော့တာ အကောင်းဆုံးပါပဲ။