သင့်ဘဝမှာ သင်ကိုယ်တိုင်လုပ်မိပြီး နောင်တမရသင့်တဲ့အရာတွေရှိပါတယ်။ တချို့အရာတွေက ချိုချိုလေးနဲ့ ကိုယ့်ဘဝကို သာယာစေသလို တချို့အတွေ့အကြုံတွေက ခါးသက်သက်နဲ့ ကိုယ့်ကို သင်ခန်းစာပေးတတ်ပါတယ်။ တချို့ ကံဆိုးမှုတွေ အဆင်မပြေမှုတွေက သင်က ဘယ်လိုလူလဲ၊ သင့်ဘဝကို ဘယ်လိုပြင်ဆင်ရမလဲ အချက်ပြတတ်ပါတယ်။ ဒီတော့ သင့်ဘဝမှာ လုပ်မိလို့ နောင်တမရသင့်တဲ့အရာတွေကတော့-

၁။ ချစ်မိတာ

ဘဝမှာ ချစ်မိခဲ့ပေမယ့် ကိုယ်ချစ်တဲ့သူဆီက ကိုယ်ချစ်သလောက် ပြန်မရတာကို ကြုံဖူးမှာပါ။ ကိုယ့်ကို အသည်းခွဲသွားသူတွေနဲ့ ဆုံတွေ့ဖူးမှာပါ။ ဒီဒဏ်ရာတွေက သင့်ကို နာကျင်စေပေမယ့် သင့်ကို တစ်ဖန် သန်မာစေပါတယ်။ ကြံ့ခိုင်စေခဲ့ပါတယ်။ အသည်းခဏခဏကွဲတတ်သူက အသည်းကွဲတာကို ဘာမှမဆန်းတော့ဘူး သတ်မှတ်လိုက်သလိုပါပဲ။ လူတစ်ယောက်ကို ချစ်မိလို့ နာကျင်ရတာဖြစ်ဖြစ်၊ မှားယွင်းခဲ့တာဖြစ်ဖြစ် နောင်တမရသင့်ပါဘူး။

၂။ အခွင့်အရေးကို လက်လွှတ်ခဲ့မိတာ

အခွင့်အရေး တွေက ကိုယ့်ဆီရောက်လာပြီးရင် ထွက်သွားတတ်ကြပါတယ်။ ဖြစ်လာသမျှက ကောင်းဖို့ချည်းပဲလို့ မှတ်ထားသင့်ပါတယ်။ တကယ်လို့ ကိုယ်က လုပ်ခဲ့သင့်တယ်လို့ နောင်တရမိတဲ့ အရာတွေရှိရင် ဒါတွေကို လွှတ်ချပြီး လက်ရှိအချိန်မှာ လုပ်စရာရှိတာပဲ ဆက်လုပ်သင့်ပါတယ်။

၃။ အတည်တကျမလုပ်ခဲ့မိတာ

ဒီအလုပ်တစ်ခုတည်းကိုပဲ တစိုက်မတ်မတ်လုပ်နိုင်ဖို့က ခဲယဉ်းပါတယ်။ ရုန်းကန်ရခြင်း၊ အခွင့်အရေး၊ ရွေးချယ်မှုနဲ့ အချိန်က လူတစ်ယောက်ကို ပြောင်းလဲစေပါတယ်။ တစ်နေရာတည်းမှာ အတည်တကျ မရှိတာက သင်လမ်းမှားလျှောက်နေတယ်လို့ မဆိုလိုပါဘူး။ သင့်ရဲ့ ခံယူမှုက ပြောင်းလဲလာတဲ့အခါ ကိုယ်နဲ့ သင့်တော်တဲ့အကောင်းဆုံးအရာဆီ ပြောင်းလဲနေတယ်လို့ပဲ ခံယူသင့်ပါတယ်။

၄။ ကိုယ်နဲ့ မလိုက်ဖက်သူနဲ့ တွဲခဲ့မိတာ

မတွဲခင်ကတော့ မခုတ်တတ်တဲ့ကြောင်လိုလိုနဲ့ ပြတ်တဲ့အချိန်မှ ကိုယ့်ကို လိမ်ညာခဲ့တာတွေ၊ လုပ်ဇာတ်တွေကို သိပြီးနောက်မှာတော့ ကိုယ့်ကိုကိုယ် အရူးကြီးလို့ အပြစ်တင်စရာပါပဲ။ အရူးလုပ်ခံခဲ့ရတဲ့ ကိုယ့်ကိုကိုယ်လည်း အားမရဖြစ်ဖူးမှာပါ။ အရေးကြီးတာက သင့်ဘက်က ကောင်းပေးဖို့ပါပဲ။ ကိုယ်က ချစ်မိရင်တော့ သူ့အတွက် အကောင်းဆုံး ကြိုးစားခဲ့ဖူးမှာပါ။ ဒီကြိုးစားမှုရလဒ်ကြောင့် သင်က ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်နေပါပြီ။ ဒီတော့ မကောင်းတဲ့လူကို ကျေးဇူးတင်လိုက်ပါနော်။

၅။ အကောင်းဆုံးမကြိုးစားခဲ့မိတာ

တစ်ခါတလေ ကိုယ်ကတော့ ကြိုတင်လုပ်ထားလျက်နဲ့ အကောင်းဆုံး မဖြစ်ခဲ့တာတွေရှိပါတယ်။ သင်ကြိုးစားပေမယ့် အကောင်းဆုံးရလဒ် မပိုင်ဆိုင်ခဲ့ဘူးဆိုရင် ဒီထက် ပိုကောင်းတဲ့အရာတစ်ခုဆီပြောင်းလဲဖို့ အချိန်ကောင်းပါပဲ။

တစ်ခါတလေ အကောင်းဆုံးဖြစ်ဖို့ အဆိုးဆုံးတွေရင်ဆိုင်နေရတတ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar