Relationship တစ်ခုမှာ ကိုယ့်ဘက်ကတော့ ချစ်လို့သည်းခံတာ၊ အမှားတွေလုပ်လည်း ခွင့်လွတ်ပေးတာမျိုး ရှိပေမယ့် တစ်ချို့အရာတွေကျတော့ ဘယ်လောက်ချစ်ချစ် သည်းခံပြီး ခွင့်လွှတ်ပေးဖို့ မကောင်းပါဘူး။

အမြဲတမ်းလိမ်ညာနေခြင်း

လိမ်ညာတာတွေက အစပိုင်းတော့ ခွင့်လွတ်ပေး၊ သည်းခံပေးဖို့ ဖြစ်နိုင်ပေမယ့် အမြဲတမ်းကို လိမ်ညာနေတာမျိုးဆိုရင်တော့ လုံးဝအဆင်မပြေပါဘူး။ ကိုယ်ကခွင့်လွတ်ပေးလေ ပိုဆိုးလာလေဖြစ်မှာပါ။ ပြီးရင်လည်း အလိမ်ခံရတဲ့ကိုယ်ပဲ စိတ်တိုဒေါသထွက်ရမယ်၊ စိတ်ညစ်ရပါမယ်။ ဒါကြောင့် အမြဲတမ်းလိမ်ညာနေရင် ခွင့်လွတ်ပေးဖို့ မကောင်းပါဘူး။

တခြားတစ်ယောက်နဲ့ဖောက်ပြန်နေခြင်း

ကိုယ့်ရည်းစားက တခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို သည်းခံနေစရာ၊ ခွင့်လွတ်နေစရာအကြောင်း လုံးဝမရှိပါဘူး။ ဒီလိုသစ္စာမရှိတာ၊ ဖောက်ပြန်တာကိုပါ သည်းခံပြီး ခွင်လွှတ်ပေးနေမယ်ဆိုရင်တော့ ကိုယ်ပဲထိခိုက်နာကျင်ရမှာပါ။ တစ်ခါဖောက်ပြန်ဖူးတဲ့သူကို ခွင့်လွတ်ပေးလိုက်ရင် နောက်လည်း ဖောက်ပြန်ဖို့အတွက် ဝန်လေးမှာမဟုတ်ပါဘူး။

ကိုယ့်ကိုရိုးစိုင်းစွာဆက်ဆံခြင်း

ကိုယ့်အပေါ်ကို ရိုင်းစိုင်းစွာဆက်ဆံနေတာကို သည်းခံနေရင် ပိုးပြီးဆိုးလာမှာပါ။ ကိုယ့်အပေါ် ဆဲဆိုပြီး မပြောသင့်တာတွေလည်း အမြဲပြောဆိုနေတာမျိုး၊ ရန်ဖြစ်ကားများရင် စိတ်တိုဒေါသထွက်တိုင်း လက်ပါနေတာမျိုးတွေကို လုံးဝသည်းမခံသင့်ပါဘူး။

Respect လုံးဝမရှိခြင်း

ဘယ်လောက်ပဲ ကိုယ့်ထက်ငယ်တဲ့သူဖြစ်နေပါစေ၊ ကြီးတဲ့သူဖြစ်နေပါစေ relationship တစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက် respect ရှိဖို့ကလည်း အရေးကြီးပါတယ်။ ပြောချင်ရာပြော၊ လုပ်ချင်တာလုပ်ပြီး စည်းမရှိတဲ့ respect မရှိတဲ့သူကို သည်းခံနေရင် ကြာလာတဲ့အခါ စိတ်ပျက်စရာဖြစ်လာပါလိမ့်မယ်။

အရှက်ရအောင်လုပ်ခြင်း

တချို့က လူကြားထဲမှာလည်း အရှက်ရအောင် လုပ်တတ်ကြတဲ့သူတွေ ရှိပါတယ်။ တချို့ကျတော့ ဒေါသကြီးပြီး လူကြားတဲ့အော်တာ၊ ဆောင့်ဆွဲပြီးလုပ်တာ၊ လက်ပါတာ၊ တချို့ကျတော့ ချစ်လို့၊ သဝန်တိုလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လူကြားထဲလည်းမရှောင် ပြောဆိုတာ၊ အရှက်ရအောင်လုပ်တာ၊ မျက်နှာပျက်ရအောင်လုပ်တာတွေ ရှိပါတယ်။ ဒါမျိုးတွေက တစ်ခါဆိုတစ်ခါ စိတ်ပျက်စရာ အရမ်းကောင်းပါတယ်။ ဒါကြောင့် လုံးဝသည်းမခံသင့်တဲ့အရာပါပဲ။