အဆင်မပြေလို့ လမ်းခွဲခဲ့တဲ့ ရည်းစားဟောင်း၊ ကိုယ့်အပေါ်မကောင်းခဲ့တဲ့ ရည်းစားဟောင်း၊ နာကျင်စရာတွေ ပေးခဲ့တဲ့ ရည်းစားဟောင်းက ရုတ်တရက်ကိုယ့်ကိုဆက်သွယ်ပြီး စာပို့လာတဲ့အခါမှာ ဒီအရာ ၅ ခုကို မလုပ်မိအောင် နေသင့်ပါတယ်။

သူ့စာကိုချက်ချင်း Reply မပြန်ပါနဲ့

သူပို့တဲ့စာကို ချက်ချင်း Reply ပြန်ရင် သင့်ဘဝအတွက် သူက အခုအချိန်အထိ အရေးပါနေသေးတယ်၊ သူ့အပေါ်စိတ်ရှိနေသေးတယ်လို့ ထင်နေပါလိမ့်မယ်။ သူထင်ထားသလို သင့်အတွက် သူက အရေးပါတဲ့သူတစ်ယောက် မဟုတ်တော့ဘူးဆိုတာ သိစေဖို့ သူ့စာကို ချက်ချင်း Reply မပြန်ပါနဲ့။ Reply မပြန်သေးပဲ Social Media မှာ Post တင်တာမျိုးတွေလုပ်ရင် သူ့ကိုအလေးမထားမှန်း တမင် Neglect လုပ်ထားမှန်း သိသာစေပါတယ်။

မေးခွန်းတွေချက်ချင်းမမေးပါနဲ့

သူစာပို့တဲ့အခါ ကိုယ့်ဘက် မေးခွန်းတွေမေးနေရင် သူ့ဘဝကို သင်ကစိတ်ဝင်စားနေတယ်၊ သူ့အကြောင်းတွေ စိတ်ဝင်စားနေတယ်လို့ ထင်သွားပါလိမ့်မယ်။ ဒီတော့ သူပို့တဲ့စာတွေကို ပြတ်ပြတ်သားသား တိုတိုတုပ်တုပ်ပဲ ပြန်ဖြေပါ။ သူနဲ့စကားပြောချင်စိတ်မရှိမှန်း သိသာစေပါတယ်။

သူပြောသမျှကိုနားမထောင်ပါနဲ့

သူပြောသမျှတွေကို ထိုင်ဖတ်ပြီး တစ်ခုချင်းပြန်ဖြေနေတာမျိုး လုံးဝမလုပ်ပါနဲ့။ သူ့ဘက်က ၃ ခွန်းလောက်ပြောမှ တစ်ကြောင်းလောက် ပြန်ပို့တာမျိုး၊ သူ့ဘက်က မေးခွန်းတွေအများကြီးမေးလာလည်း ၁ ခု ၂ ခုပဲ ပြန်ဖြေတာမျိုးတွေ လုပ်ပါ။ သူပြောသမျှကို အလေးထားပြီး နားထောင်နေစရာမလိုပါဘူး။ သူပြောသမျှ နားထောင်ပြီး အဖတ်လုပ်ပြောနေရင် သူနဲ့ပြတ်တွဲဖို့ စိတ်ရှိနေသေးတယ် ထင်သွားပါလိမ့်မယ်။

သူနဲ့လမ်းခွဲရတဲ့အကြောင်းအရင်းကိုမမေ့ပါနဲ့

သူ့ဆီက စာဝင်လာတာနဲ့ သူနဲ့ဘာကြောင့် လမ်းခွဲခဲ့ရလဲ၊ ကိုယ့်အပေါ်ဘယ်လိုတွေလုပ်ခဲ့လဲဆိုတာကို ပြန်စဉ်းစားပါ။ လုံးဝမမေ့ပစ်လိုက်ပါနဲ့။ ဒါမှ စိတ်နာနိုင်မှာပါ။ သူပို့တဲ့စာကို မမြင်သလိုနေပြီး လုံးဝ Reply မလုပ်ပဲ နေနိုင်ပြီဆိုရင်တော့ အကောင်းဆုံးပါပဲ။

သူနဲ့ပြန်တွဲဖို့မစဉ်းစားပါနဲ့

သူဘယ်လိုပဲလှည့်စားပြောနေပါစေ သူ့ဆီ ဘယ်တော့မှ ပြန်မသွားပါနဲ့။ ဘယ်လိုပဲတောင်းပန်ပြီး သင့်ကိုစိတ်ပြန်လည်လာအောင် ပြောနေပါစေ လုံးဝပြန်တွဲဖို့မစဉ်းစားပါနဲ့။ ကိုယ့်အပေါ်မကောင်းခဲ့တဲ့သူကို နောက်တစ်ခေါက် အခွင့်အရေးထပ်ပေးစရာ အကြောင်းမရှိပါဘူး။ သူ့ကိုကျောခိုင်းပြီး သင်နဲ့ထိုက်တန်တဲ့ သင့်ဘဝရဲ့ပျော်ရွှင်မှုကိုသာ ရှာဖွေပါ။