မင်္ဂလာပါ… ပျိုမဒီတို့ရေ… ခေါင်းလျှော်ပြီးခါစ ဆံပင်ရေစိုနေတုန်းမှာ ရေစိုနေတဲ့ ဆံပင်နဲ့ အိပ်လို့ရလား ? ရေစိုနေချိန်မှာ ဆံပင်ဖြောင့်လို့ရလား ? စတဲ့ ဒီမေးခွန်းတွေက ဆံပင်ရေစိုနေတုန်းမှာ ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ မေးခွန်းတွေပါ။ ဒါကြောင့် ဆံပင်ရေစိုနေတုန်းမှာ မလုပ်သင့်တဲ့အချက်များကို ဝေမျှလိုက်ပါတယ်။

ပုံမှန် Brushနဲ့ မဖြီးပါနဲ့

ဆံပင်ကို ဖြီးဖို့ အကောင်းဆုံးအချိန်က ခြောက်သွေ့လုနီးပါး သို့မဟုတ် လုံးဝခြောက်သွေ့နေချိန်က အကောင်းဆုံးပါ။ ဆံပင်တွေ စိုတုန်းမှာ မဖြီးပါနဲ့ ။ ဘာလို့လဲဆိုတော့ ရေစိုနေချိန်က အားနည်းတဲ့အချိန်မလို့ပါ။ ဒါပေမယ့် ရေကူပြီးချိန်မှာ ဆံပင်တွေရှုပ်နေရင်တော့ ဘီးသွားအကြဲနဲ့ ဖြည်းဖြည်းချင်းဖြီးပေးပါ။

Hairspray မဖြန်းပါနဲ့

Hairspray က ဆံပင်ရေစိုနေတုန်းမှာ လုံးဝမသုံးသင့်တဲ့အရာပါ။ Hairspray ဖြန်းတဲ့အခါ လိုချင်တဲ့ရလဒ်ရဖို့ သင့်ဆံပင်ကို လုံးဝခြောက်နေအောင် သေချာလုပ်ပါ။

ဆံပင်မစည်းပါနဲ့

ခေါင်းလျှော်ပြီးခါစ ဒါမှမဟုတ် ရေကူးပြီးခါစမှာ ဆံပင်ကို ponytail စည်းတာ ထုံးတာက ဆွဲဆောင်မှုရှိတယ်လို့ထင်ရပေမယ့် ဆံပင်ကို ပြတ်ထွက်စေနိုင်ပါတယ်။

ဖြောင့်စက် မသုံးပါနဲ့

ရေစိုနေတဲ့ဆံပင်နဲ့တွဲသုံးလို့ရတဲ့ တစ်ခုတည်းသောပစ္စည်းက Dryer ပါပဲ ။ ဆံပင်စိုနေချိန်မှာ လုံးဝ ဆံပင်မဖြောင့်သင့်ပါဘူး။ ဖြောင့်စက်သုံးမယ်ဆို ဆံပင်ကလုံးဝခြောက်နေဖို့လိုပါတယ်။ မခြောက်သေးခင် သုံးတဲ့အခါ ဆံပင်အပေါ်ယံအလွှာတွေပျက်စီးနိုင်ပါတယ်။

မအိပ်ပါနဲ့

ရေစိုနေတဲ့ဆံပင်နဲ့ ဘယ်တော့မှ မအိပ်သင့်ပါဘူး။ ရေစိုနေတဲ့ဆံပင်နဲ့အိပ်တာက ဆံပင်လည်းပျက်စီးစေသလို ကျန်းမာရေးကိုလည်း အန္တရာယ်ဖြစ်စေနိုင်ပါတယ်။