လုပ်ငန်းခွင်မှာ ကိုယ့်ရဲ့ပုံစံနဲ့ အကျင့်စရိုက်ကလည်း အရမ်းအရေးကြီးပါတယ်။ ကိုယ်နေချင်သလိုနေပြီး ကိုယ်လုပ်ချင်သလိုလုပ်လို့ မရပါဘူး။ ဒါကြောင့် ကိုယ့်အနေနဲ့ မလုပ်သင့်တာတွေကို လုပ်နေမိရင်လည်း ကိုယ့် image မထိခိုက်အောင် ဆင်ခြင်နိုင်ဖို့အတွက် လုပ်ငန်းခွင်မှာ ဘယ်တော့မှမလုပ်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီအရာတွေက လုပ်ငန်းခွင်မှာ အလုပ်လုပ်နေကြတဲ့သူတိုင်း သိထားသင့်တဲ့အရာတွေလည်း ဖြစ်ပါတယ်။

Personal ကိစ္စနဲ့ဒေါသထွက်ပြီးဖုန်းပြောခြင်း

အလုပ်နဲ့ personal နဲ့ ခွဲခြားထားရမှာပါ။ ကိုယ့်လုပ်ငန်းခွင်မှာ personal ကိစ္စနဲ့ ရန်ဖြစ်ဒေါသထွက်ပြီး အကျယ်ကြီးဖုန်းပြောတာမျိုးတွေ၊ တစ်ချိန်လုံး personal ကိစ္စနဲ့ စိတ်ဆိုးပြီး ဖုန်းတွေဆက်၊ ဒေါသထွက်နေတာမျိုးတွေက လုံးဝမလုပ်သင့်တဲ့အရာပါ။ လုပ်ငန်းခွင်ကလူတွေကိုလည်း အနှောင့်အယှက်ဖြစ်စေသလို ကိုယ့် image လည်းကျစေပါတယ်။ သူများအတင်းပြောစရာလည်း ဖြစ်စေပါတယ်။

အလုပ်နောက်ကျခြင်း

အလုပ်ကို တစ်ခါတစ်လေ မလွဲသာလို့ နောက်ကျတာမျိုးက ကိစ္စမရှိပေမယ့် အကြောင်းမဲ့ ခဏခဏနောက်ကျနေမယ်ဆိုရင်တော့ သူများညိုငြင်စရာဖြစ်ပါတယ်။ အချိန်မလေးစားတဲ့သူ၊ အလုပ်နဲ့ပတ်သက်ပြီး အလေးမထားတဲ့သူ ဖြစ်စေလို့ လုံးဝမလုပ်သင့်ပါဘူး။

Complain အရမ်းတက်ခြင်း

အလုပ်မှာ တစ်ခုခုဆို complain အရမ်းတက်တာ၊ ဘာပဲခိုင်းခိုင်း ဆင်ခြေတွေများပြီး complain တက်နေတာက မကောင်းပါဘူး။ သူများအမြင်ကပ်စရာ ဖြစ်စေသလို၊ အလုပ်နဲ့ပတ်သက်ပြီးတော့လည်း အခွင့်အလမ်းကောင်းတွေ ဘယ်တော့မှရမှာမဟုတ်ပါဘူး။ အလုပ်ရှင်လည်း စိတ်ပျက်စေတဲ့ အပြုအမူမျိုးဖြစ်ပါတယ်။

Social media နဲ့ ဖုန်းပဲသုံးနေခြင်း

လုပ်ငန်းခွင်မှာ အလုပ်မလုပ်ပဲ social media သုံးလိုက်၊ ဖုန်းသုံးလိုက်နဲ့ မနေသင့်ပါဘူး။ အနားယူတဲ့အချိန်မှာ ခဏသုံးတာက ဘာမှမဖြစ်ပေမယ့် ကိုယ့်အလုပ်မပြီးသေးပဲ အလုပ်လုပ်နေရင်း တစ်ချိန်လုံး ဖုန်းပဲသုံးနေတာကတော့ စိတ်ပျက်စရာကောင်းတဲ့ အပြုအမူမျိုးပါ။

အလွန်အကျွံ Comfortable ဖြစ်အောင်နေခြင်း

လုပ်ငန်းခွင်မှာ သက်တောင့်သက်သာဖြစ်အောင်နေရမှာ မှန်ပေမယ့်လည်း အလွန်အကျွံတော့ မနေသင့်ပါဘူး။ အများနဲ့အလုပ်လုပ်ရတာကို ကိုယ့်နေရာက ရှုပ်ပွနေတာမျိုး၊ သီချင်းနားထောင်လိုက်၊ အလုပ်စားပွဲမှာ အစားအသောက်တွေ တင်စားလိုက်နဲ့ ကိုယ်နေချင်သလိုနေပြီး ညစ်ပတ်နေတာမျိုးတွေ မလုပ်သင့်ပါဘူး။