Body scrub လုပ်ပြီးတဲ့အချိန်ဆိုရင် အသားအရေက အရမ်းနူးညံ့သွားတဲ့အတွက် သေချာဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါတွေက သိပြီးသားသူတွေလည်းရှိသလို မသိသေးတဲ့သူတွေလည်း ရှိတာကြောင့် body scrub လုပ်ပြီးတဲ့အချိန်မှာ မလုပ်ရမယ့်အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

Shaving, Waxing လုပ်ခြင်း

Body scrub လုပ်ပြီးချိန်မှာ shaving, waxing လုပ်တာက အသားအရေ ထိခိုက်စေပါတယ်။ အသားအရေက အရမ်းနုသွားတဲ့အတွက် shaving လုပ်နေချိန်မှာ မတော်တဆ ဓားထိသွားရင်လည်း ပိုးဝင်လွယ်ပါတယ်။ Waxing လုပ်တာလည်း ဆွဲခွာတဲ့အချိန်မှာ အသားကအရမ်းနုနေတဲ့အတွက် ပုံမှန်ထက်ပိုစပ်တာ၊ သွေးထွက်တာတွေ ဖြစ်တတ်ပါတယ်။

Peeling လုပ်ခြင်း

Body scrub လုပ်ရင် အသားအရေက အရမ်းနူးညံ့သွားတာပါ။ ဒီလိုအချိန်မှာ peeling ပါ ထပ်လုပ်လိုက်မယ်ဆိုရင်တော့ အသားလောင်တာ၊ အသားအရေ အရမ်းပျက်စီးသွားတာ၊ အသားပါးတာတွေ ဖြစ်လာနိုင်ပါတယ်။

ရေနွေးနဲ့ရေချိုးခြင်း

Body scrub လုပ်ပီးချိန်မှာ ရေးနွေးနဲ့ချိုးမယ်ဆိုရင်တော့ အသားပိုခြောက်သွားပြီး အသားအရေနီးမြန်းတာတွေ ဖြစ်လာမှာပါ။

နေပူထဲထွက်ခြင်း

Body scrub လုပ်ပြီးရင် အသားအရေက အရမ်းနူးညံ့သွားတဲ့အတွက် နေပူထဲမထွက်တာ ပိုကောင်းပါတယ်။ Scrub လုပ်ပြီး နေပူထဲတွေ သွားလာနေရင် အသားပိုမဲပါတယ်။ ဒါကြောင့် မဖြစ်မနေ သွားရမယ်ဆိုရင်လည်း SPF 50+ ပါတဲ့ lotion, sunscreen တွေ လိမ်းပြီးမှ ထွက်ပါ။ လက်ရှည်ဝတ်တာ၊ ထီးဆောင်းတာမျိုး လုပ်ပေးပါ။

Lotion မလိမ်းပဲနေခြင်း

Body scrub လုပ်ပြီးရင် အစိုဓာတ်ကောင်းကောင်းပေးနိုင်တဲ့ lotion လိမ်းရမယ်ဆိုတာကိုတော့ လူတိုင်းသိမှာပါ။ Body scrub လုပ်ပြီး lotion သေချာမလိမ်းဘူးဆိုရင် ပုံမှန်ထက်ပိုပြီး အသားခြောက်လာမယ်၊ အသားအရေက sensitive ဖြစ်လွယ်လာပါမယ်။ ဒါကြောင့် lotion ကို သေချာပြန်လိမ်းပေးဖို့ လုံးဝမမေ့ပါနဲ့။