ရည်းစားနဲ့လမ်းခွဲပြီးလို့ နာကျင်ခံစားနေရတဲ့အချိန်မှာ မလုပ်သင့်တဲ့အရာ ၅ ခုရှိပါတယ်။ ဒါပေမယ့် တော်တော်များများက ရည်းစားနဲ့လမ်းခွဲပြီးပြီဆိုရင် ဒီမလုပ်သင့်တဲ့အရာတွေကိုပဲလုပ်ပြီး ထိုင်ငိုနေတတ်ပါတယ်။ မြန်မြန် move on လုပ်ချင်တယ်ဆိုရင်တော့ ဒီအရာတွေကို မလုပ်ဖို့လိုပါတယ်။

အသည်းကွဲသီချင်းတွေနားမထောင်ပါနဲ့

ရည်းစားနဲ့လမ်းခွဲပြီးရင် တော်တော်များများက အသည်းကွဲသီချင်းတွေကိုပဲ အရမ်းနားထောင်တတ်ကြပါတယ်။ ဒီလို အသည်းကွဲသီချင်းတွေနားထောင်တော့ ပိုခံစားရတယ်၊ ပိုနာကျင်ပြီး ဝမ်းနည်းရတယ်၊ မျက်ရည်ပိုကျပါတယ်။ ဒါကြောင့် အသည်းကွဲသီချင်းတွေ နားထောင်မယ့်အစား စိတ်ကြည်ပြီး ပျော်ရွှင်သလိုဖြစ်စေမယ့် english သီချင်းလေးတွေကို နားထောင်ကြည့်ပါ။

တစ်ယောက်ထဲအခန်းအောင်းမနေပါနဲ့

အသည်းကွဲလို့ခံစားနေရပြီဆိုရင် အပြင်လည်းမထွက်တော့ပဲ တစ်ယောက်ထဲအခန်းအောင်းပြီး ငိုနေတာမျိုး၊ ခွေခေါက်ပြီးခံစားနေတာမျိုးတွေ လုပ်ကြတာများပါတယ်။ တကယ်တော့ တစ်ယောက်ထဲ အခန်းအောင်နေရင် ဒီအကြောင်းတွေပဲတွေးမိပြီး ပိုခံစားရပါတယ်။ တော်ရုံနဲ့ မေ့နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် အခန်းအောင်မနေပဲ အပြင်လျှောက်သွားပါ။ သူငယ်ချင်းတွေနဲ့တွေ့ပါ။

သူနဲ့ပတ်သက်တာတွေကိုခဏခဏမကြည့်ပါနဲ့

လွမ်းလို့ဆိုပြီး သူနဲ့ပတ်သက်တာတွေကို ခဏခဏထုတ်ကြည့်နေတာမျိုး၊ ဓာတ်ပုံတွေ ခဏခဏပြန်ကြည့်နေတာမျိုးက ပိုဝမ်းနည်းရပါတယ်။ ပိုပြီးနာကျင်ခံစားရပါတယ်။ ဒါကြောင့် လုံးဝမကြည့်ပါနဲ့။ မေ့မေ့ပျောက်ပျောက်ထားပြီး တခြားအရာတွေကို အာရုံပြောင်းလုပ်ပေးပါ။

သူ့အကြောင်းတွေလိုက်မမေးပါနဲ့

ကိုယ်ခံစားနေရတာတွေ မြန်မြန်ပျောက်ချင်တယ်၊ မြန်မြန်မေ့ချင်တယ် move on လုပ်ချင်တယ်ဆိုရင် သူ့အကြောင်းတွေကို လိုက်မမေးပါနဲ့။ တစ်ခုခုပြန်သိရတဲ့အခါ ကိုယ်ပဲပိုခံစားရပါတယ်။ သူ့အကြောင်းသိချင်စိတ်တွေဖြစ်လေ မမေ့နိုင်လေဖြစ်ပြီး နာကျင်ခံစားနေရအုံးမှာပါ။

Social media မှာလိုက်မကြည့်ပါနဲ့

လမ်းခွဲပြီးရင် social media မှာ block ထားတာ အကောင်းဆုံးပါပဲ။ သူဘာလုပ်နေလဲ၊ ဘယ်သူနဲ့ chat နေလဲ၊ အသစ်ရနေပြီလား စတာတွေကို လိုက် check ပြီးကြည့်နေရင် ကိုယ်ပဲပိုခံစားရမှာပါ။