ဘဝမှာ ကျန်းမာပျော်ရွှင်ဖို့ဆိုတာက ကိုယ်နဲ့ပဲ အများကြီးသက်ဆိုင်ပါတယ်။ ဒီလို ကျန်းမာပျော်ရွှင်ဖို့အတွက်ဆိုရင်တော့ ဒီအချက် ၅ ချက်ကို လိုက်နာသင့်ပါတယ်။

အစားအသောက်ဂရုစိုက်ပါ

ဘဝမှာပျော်ရွှင်ဖို့ဆိုရင် ကျန်းမာရေးကောင်းနေဖို့လည်း လိုပါတယ်။ မကျန်းမာရင် အပြည့်အဝ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ ကျန်းမာဖို့ဆိုရင် အစားအသောက်ကအစ သေချာဂရုစိုက်ရပါမယ်။ ဒီတော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ အစားအသောက်တွေကို စားသုံးပါ။ အချိန်နဲ့စားပါ။ အစာလွန်တာတွေ၊ မစားမသောက်ပဲနေတာတွေ မဖြစ်ပါစေနဲ့။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

အသက်ကြီးကြီး၊ ငယ်ငယ် လေ့ကျင့်ခန်းလုပ်ပေးရင် ပိုကျန်းမာပါတယ်။ ကျန်းမာလှပတာမျိုး လိုချင်ရင်တော့ လေ့ကျင့်ခန်းလုပ်ဖို့ မပျင်းပါနဲ့။ Gym မသွားနိုင်ရင်တောင်မှ အိမ်မှာလုပ်တာမျိုး၊ ဒါမှမဟုတ်လည်း မနက်တိုင်းပြေးတာ၊ လမ်းလျှောက်တာမျိုးတွေ လုပ်ပေးလို့ရတာပါပဲ။

ကြိုတင်ကာကွယ်ပါ

ရောဂါဖြစ်မှ စိတ်ညစ်ပြီး ပြေးကုတာထက် မဖြစ်ခင်ထဲက ကြိုတင်ကာကွယ်ပါ။ သန့်ရှင်းမှုကို ဂရုစိုက်ပါ။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေလည်း ဆင်ခြင်ရပါမယ်။ Medical Check-up ကိုလည်း ပုံမှန်လုပ်ပေးသင့်ပါတယ်။

စိတ်ဖိစီးမှုလျော့အောင်နေပါ

ကျန်းမာရေးကောင်းပြီး စိတ်ဖိစီးမှုများနေရင်လည်း အပြည့်အဝ ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေ အရမ်းများနေတဲ့အခါ စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး ကျန်းမာရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးတွေ လျော့ကျအောင်လုပ်ပါ။ စိတ်ညစ်စရာတွေကို ကြိုးစားမေ့ပစ်ပါ။

Positive Thinking များများထားပါ

တစ်ခုခုဆို Negative Thinking တွေများနေရင် စိတ်ဆင်းရဲရတယ်၊ ပိုပင်ပန်းရတယ်၊ တစ်ချိန်လုံး ပူလောင်နေရပါတယ်။ Negative Thinking များတဲ့သူက Depression လည်း ဖြစ်လွယ်ပါတယ်။ ဒါကြောင့် ပျော်ရွှင်ချင်ရင်၊ စိတ်ချမ်းသာချင်ရင် စိတ်ကို ပေါ့ပေါ့ပါးပါးထား၊ ပေါ့ပေါ့ပါးပါးတွေးပြီး နေထိုင်ပါ။ Positive Thinking များများထားပါ။