ရည်းစားဟောင်းကို မေ့နိုင်ဖို့အတွက်ဘာလုပ်ရမလဲဆိုရင် ကိုယ့်ကိုယ်ကိုပဲ အရင်ဆုံးပြောင်းလဲပြီး ကြိုးစားနေထိုင်ဖို့ ဆုံးဖြတ်ချက်ချရမှာပါပဲ။ မမေ့နိုင်ပဲခံစားနေရင်တော့ ကိုယ်ပဲပင်ပန်းမှာပါ။ ဒါကြောင့် မေ့နိုင်အောင်ကြိုးစားပါ။ ဒီအရာ ၅ ခုကို ချက်ချင်းအကောင်အထည်ဖော်ပြီး လုပ်ကြည့်ပါ။
အမှတ်တရတွေကိုဖျက်ပါ
အရင်ဆုံးလုပ်ရမယ့်အရာကတော့ သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ဖျက်ဖို့ပါပဲ။ ဓာတ်ပုံတွေ၊ ပစ္စည်းတွေ၊ ဆက်သွယ်လို့ရတဲ့အရာတွေ၊ အမှတ်တရတွေ အားလုံးကို ဘာမှမချန်ပဲ အကုန်ဖျက်ပါ။ မဖျက်ပဲသိမ်းထားရင် သတိရတိုင်း ထုတ်ကြည့်လိုက်၊ ခံစားလိုက်၊ ငိုလိုက်နဲ့ တော်ရုံနဲ့ မေ့တော့မှာမဟုတ်ပါဘူး။ လက်တွေ့မှာဖျက်ပြီးရင် ကိုယ့်ခေါင်းထဲ၊ စိတ်ထဲကနေလည်း ထုတ်ပစ်၊ ဖျက်ပစ်ဖို့လိုပါတယ်။
နာစရာတွေပဲတွေးပါ
ပျော်ခဲ့ရတာတွေ၊ ချစ်ခဲ့တာတွေကို ပြန်တွေးနေရင်တော့ နာကျင်ပြီး ငိုနေရမှာ၊ လွမ်းနေရမှာပါပဲ။ လွမ်းစရာရှိရင် နာစရာနဲ့ဖြေဆိုတဲ့ စကားအတိုင်းပဲ နာစရာတွေကိုပဲတွေးပြီး စိတ်နာပစ်ပါ။ ဒီလိုနဲ့ မြန်မြန်မေ့ပစ်လာနိုင်ပါလိမ့်မယ်။
တစ်ယောက်ထဲမနေပါနဲ့
တစ်ယောက်ထဲနေရင် လျှောက်တွေးပြီး ဝမ်းနည်းမယ်၊ ပိုလွမ်းလာပြီး မမေ့နိုင်ဖြစ်လာပါမယ်။ ဒါကြောင့် တစ်ယောက်ထဲမနေပဲ သူငယ်ချင်းတွေနဲ့တွေ့ပါ။ စကားတွေပြောပါ။ မေ့မေ့ပျောက်ပျောက်ထားရင်းနဲ့ တစ်ယောက်ထဲလည်းနေပျော်ပြီး မေ့နိုင်သွားပါလိမ့်မယ်။
ပိုလှအောင်နေပါ
အသည်းကွဲပြီး စိတ်ညစ်နေတာနဲ့ပဲ မပြင်နိုင်မဆင်နိုင် ဖြစ်မနေပါနဲ့။ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပြီး ပိုလှအောင်နေပါ။ Workout လည်းလုပ်ပါ။
တစ်ခုခုကိုလုပ်ကြည့်ပါ
ကိုယ်စိတ်ဝင်စားတဲ့အရာတစ်ခုခုကို စတင်လုပ်ဆောင်ကြည့်တာမျိုး၊ ဒါမှမဟုတ် ခြေလှမ်းအသစ်စတင်ပြီး အသစ်တွေလေ့လာ သင်ယူတာ၊ လုပ်ဆောင်တာမျိုးတွေ လုပ်ကြည့်ပါ။ ဒီအရာတစ်ခုထဲမှာ စိတ်နှစ်ပြီးလုပ်ရင်းနဲ့ အသားကျလာမယ်။ သတိရတဲ့စိတ်တွေ၊ ခံစားနေရတာတွေလည်း လျော့ကျပြီး မြန်မြန် Move on လုပ်နိုင်လာပါလိမ့်မယ်။