ကိုယ့်ချစ်သူက ဖောက်ပြန်တာကို သိလိုက်ရတဲ့အခါ မဆင်မခြင်မလုပ်ပါနဲ့။ ဝမ်းနည်းခံစားနေရတာမျိုးကြီးပဲ ဖြစ်မနေပဲ လုပ်သင့်တဲ့အရာကို အရင်လုပ်ပါ။ ဖောက်ပြန်နေတာကို သိတဲ့အခါမှာ လုပ်သင့်တဲ့အချက် ၅ ချက်ရှိပါတယ်။

သက်သေတွေအရင်စုပါ

ကိုယ်ပြောတဲ့အခါမှာ ငြင်းမရအောင်လို့ သက်သေတွေ အရင်စုထားပါ။ ဒါမှ ဒဲ့ရှင်းလို့ရမှာပါ။ သက်သေတွေစုပြီး လုံလောက်ပြီဆိုမှ ကျန်တာဆက်လုပ်ပါ။

ကိုယ့်စိတ်ကိုပြင်ဆင်ပါ

ပြီးရင်တော့ သူနဲ့သွားမရှင်းခင်မှာ ကိုယ့်စိတ်ကို အရင်ပြင်ဆင်တာက ပိုကောင်းပါတယ်။ ဖောက်ပြန်တဲ့သူနဲ့ ဆက်ပြီးတွဲတာထက်စာရင်တော့ လမ်းခွဲလိုက်တာကသာ အကောင်းဆုံးပါ။ ဒါကြောင့် ငိုချင်ရင်လည်း ငိုချင်သလောက်ငိုချလိုက်ပါ။ ပြီးရင် ဒီလိုသစ္စာမရှိ ဖောက်ပြန်တဲ့သူနဲ့ ပြတ်မယ်၊ လုံးဝမပတ်သက်တော့ဘူးဆိုပြီး ကိုယ့်စိတ်ကိုပြင်ဆင်ပါ။

မျက်နှာချင်းဆိုင်ရှင်းပါ

ပြီးမှသာ သူနဲ့ မျက်နှာချင်းဆိုင်ရှင်းပါ။ မျက်နှာတောင်မမြင်ချင်ဘူးဆိုရင်တော့ ဖုန်းနဲ့ပဲရှင်းပေါ့နော်။ ကိုယ့်ဆီမှာလည်း သက်သေတွေ အခိုင်အလုံရှိတယ်၊ စိတ်လည်းပြင်ဆင်ပြီးပြီဆိုရင် ကိုယ့်ဘက်က စကားနဲ့အနိုင်ပိုင်းပြီး ရှင်းလို့ရပါပြီ။

ပြောတာတွေနားထောင်ကြည့်ပါ

သူဘာတွေပြောလဲနားထောင်ကြည့်လိုက်ပါ။ ဘယ်လိုအကြောင်းတွေကြောင့်လဲဆိုတာ ကိုယ်လည်း သိသွားရတာပေါ့။ ဘာမှမသိပဲ ဖောက်ပြန်ခံလိုက်ရတာထက်စာရင် သူပြောတာတွေကိုလည်း နားထောင်လိုက်တာ ပိုကောင်းပါတယ်။

ဆုံးဖြတ်ချက်ချပါ

အပေါ်ကအချက်တွေ အားလုံးလုပ်ပြီးရင် ဆုံးဖြတ်ချက်ချဖို့အချိန် ရောက်ပါပြီ။ ခွင့်လွှတ်ပေးပြီး ဆက်တွဲရင်တော့ အပြည့်အဝ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ တစ်ခါဖောက်ပြန်ဖူးတဲ့သူကလည်း နောက်တစ်ခေါက် ထပ်ပြီး မဖောက်ပြန်ဘူးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့် အကောင်းဆုံးကတော့ လမ်းခွဲပြီး ကိုယ်လည်း မြန်မြန် Move On လုပ်နိုင်အောင် ကြိုးစားပါ။