များသောအားဖြင့် အလုပ်ကြောင့်ပင်ပန်းတဲ့အခါ၊ စိတ်ညစ်စရာတွေ ရှိတဲ့အခါမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားနေရတတ်ပါတယ်။ ဒီလိုအချိန်မှာ စိတ်သက်သာရာရပြီး စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုတွေ လျော့ကျသွားအောင် ဒီအရာ ၅ ခုကို လုပ်ကြည့်လိုက်ပါ။

အနားယူပါ

အကောင်းဆုံးကတော့ အနားယူလိုက်ပါ။ အနည်းဆုံး ၂ ရက်လောက် ဘာမှမလုပ်ပဲ အနားယူလိုက်ပါ။ အလုပ်ကြောင့်ဖြစ်တာဆိုရင် အလုပ်တွေဘာမှမလုပ်တော့ပဲ အိပ်ရေးဝအောင်အိပ်တာ၊ ရုပ်ရှင်ကြည့်တာ စသဖြင့် ပေါ့ပေါ့ပါးပါးနေပြီးသာ အပြည့်အဝ အနားယူလိုက်ပါ။

တစ်ယောက်တည်းအချိန်ဖြုန်းပါ

စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားနေရတဲ့အခါမှာ စိတ်ဆတ်တာမျိုးတွေ၊ စိတ်မကြည်တာမျိုးတွေကလည်း ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ တစ်ယောက်တည်းနေတာ ပိုကောင်းပါတယ်။ တခြားသူတွေနဲ့တွေ့ပြီး စကားအပြောအဆိုအဆင်မပြေတဲ့အခါမှာ ပိုပြီးစိတ်တိုရပါတယ်။ ပိုပြီး စိတ်ပင်ပန်းရပါတယ်။ ဒါကြောင့် တစ်ယောက်တည်းသာ အချိန်ဖြုန်းနေလိုက်ပါ။

ချစ်ခင်ရသူများထံမှအားပေးမှုကိုရယူပါ

ကိုယ့်အပေါ်နားလည်ပေးပြီး ချစ်ခင်ပေးတဲ့သူတွေဆီက အားပေးမှုတွေကိုရယူလိုက်ပါ။ Positive ဆန်တဲ့စကားတွေကြားရတဲ့အခါ စိတ်သက်သာရာ ရစေပါတယ်။

ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ

အစားအသောက်သေချာစားပြီး အိပ်ချိန်မှန်မှန်အိပ်ပါ။ စိတ်ရောကိုယ်ပါ Relax ဖြစ်အောင် ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ။ ရေနွေးစိမ်ပြီးရေချိုးတာမျိုး၊ Spa သွားတာမျိုးတွေ လုပ်ပေးရင်လည်း စိတ်ရောကိုယ်ပါ ပင်ပန်းနေတာတွေ လျော့ကျသွားပါလိမ့်မယ်။

နေ့တိုင်းတရားထိုင်ပေးပါ

စိတ်ဖိစီးမှုတွေ၊ စိတ်ရာကိုယ်ပါ ပင်ပန်းနွမ်းနယ်နေတာတွေ အားလုံးလျော့ကျပြီး စိတ်တည်ငြိမ်အောင်၊ အာရုံစုစည်းနိုင်အောင် နေ့တိုင်းအချိန်ပေးပြီး တရားထိုင်ပေးပါ။ တရားမထိုင်နိုင်တဲ့အခါ အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးပါ။