အကြောင်းအမျိုးမျိုးကြောင့် ချစ်သူနှစ်ဦးကြားမှာ ယုံကြည်မှုပျက်သွားပြီးရင် ပြန်တည်ဆောက်ဖို့က ခက်ခဲပါတယ်။ ဒါပေမယ့်လည်း ပြန်အဆင်ပြေအောင် မကြိုးစားရင် အဆင်မပြေမှုတွေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာမှာပါ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မပြတ်နိုင်ဘူး အဆင်ပြေချင်တယ် ပြန်ပြီးတော့ ပျော်ရွှင်ချင်တယ်ဆိုရင်တော့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပါ။ ချစ်သူနှစ်ဦးကြားမှာ ယုံကြည်မှုပျက်စီးသွားတဲ့အခါ လုပ်သင့်တဲ့အချက် ၅ ချက်ပဲ ရှိပါတယ်။

တောင်းပန်ပါ

အရင်ဆုံးလုပ်ရမှာက တောင်းပန်ပါ။ ယုံကြည်မှုပျက်စီးအောင်လုပ်ထားတဲ့သူက စိတ်ရင်းမှန်နဲ့ တောင်းပန်မှ တစ်ဖက်လူကလည်း ခွင့်လွှတ်နိုင်မှာပါ။ တောင်းပန်မှုကို တစ်ဖက်လူက လက်ခံနိုင်မှ ရှေ့ဆက်လို့ရမှာပါ။

ပြန်ညှိုနှိုင်းပါ

တောင်းပန်တာကို လက်ခံပြီးရင် တစ်ယောက်နဲ့တစ်ယောက် ပြန်လည်ညှိုနှိုင်းပါ။ ပြဿနာတစ်ခုခုဖြစ်ပြီးတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် သေချာညှိုနှိုင်းနိုင်ရင် 70% လောက်တော့ အဆင်ပြေကြတာ များပါတယ်။ နောက်တစ်ခေါက်ထပ်မဖြစ်အောင်လည်း သေချာကတိပေးပါ။

ကတိတည်ပါ

အရေးကြီးတာက ပေးထားတဲ့ကတိကို တည်အောင်လုပ်ဖို့ပါပဲ။ ကတိတွေပေးပြီး တောင်းပန်ပြီး ကတိပျက်ရင်လည်း နောက်ဘယ်တော့မှ ယုံကြည်မှုထပ်ရတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် တကယ်အဆင်ပြေချင်ရင်တော့ ပေးထားတဲ့ကတိအောင် တည်အောင်လုပ်သင့်ပါတယ်။

အရင်ထက်ပိုဂရုစိုက်ပေးပါ

ကိုယ်က ယုံကြည်မှုပျက်အောင် လုပ်ထားတဲ့အတွက် တစ်ဖက်လူဆီက ခွင့်လွှတ်မှုအပြည့်အဝရပြီး အရင်လိုပျော်ပျော်ရွှင်ရွှင် ပြန်ဖြစ်အောင်လို့ အရင်ထက်ပိုပြီး ကိုယ့်ချစ်သူကို ဂရုစိုက်ပေးပါ။ ဒါဆိုရင် သူ့ဘက်ကလည်း စိတ်ကျေနပ်ပြီး ပျော်ရွှင်ရမှာပါ။

ပျော်ရွှင်စရာတွေဖန်တီးပါ

အဆင်မပြေတာတွေကို ညှိုနှိုင်းရင်း ယုံကြည်မှုတွေလည်း တစ်ဖြေးဖြေးပြန်ရလာမှာဖြစ်လို့ အရင်ထက်ပိုပျော်ရွှင်ရအောင် ပျော်ရွှင်စရာတွေသာ ဖန်တီးပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ပိုချစ်ပါ။ ဒါဆိုရင်တော့ ယုံကြည်မှုပျက်ခဲ့တဲ့ Relationship ကနေ ပျော်ရွှင်စရာကောင်းတဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိတဲ့ Relationship ကို ရရှိလာမှာပါ။