အလုပ်လက်မဲ့ဖြစ်နေချိန်က အားနေတဲ့အတွက် တော်တော်များများက ဘာမှမလုပ်ပဲ အစပိုင်းမှာတော့ စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်၊ အနားယူလိုက်နဲ့ သာယာနေတာပါပဲ။ ပင်ပန်းခဲ့သမျှ အခုမှအပြည့်အဝ အနားယူရတယ်ဆိုတဲ့ feeling မျိုး ရနေတတ်ကြပါတယ်။ ဒါပေမယ့် ၂ ပတ်လောက်ကြာတဲ့အခါမှာတော့ အနားယူလို့ဝသွားတဲ့အတွက် လျှောက်တွေးပြီး စိတ်ညစ်တာတွေ၊ စိတ်ဓာတ်ကျတာတွေက စဖြစ်လာတော့တာပါပဲ။ ဒါကြောင့် အလုပ်လက်မဲ့ဖြစ်နေချိန်မှာ စိတ်ဓာတ်မကျအောင် လုပ်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

Agency နဲ့ Join ထားပါ

အလုပ်ထွက်လိုက်ပြီဆိုရင် တစ်ပတ်လောက်တော့ အနားယူလိုက်ပါ။ အဆက်အသွယ်ရှိရင်တော့ အလုပ်ရဖို့လွယ်ပေမယ့် အဆက်အသွယ်မရှိတဲ့သူတွေအတွက်ကတော့ ကိုယ်တိုင်ရှာနေတာထက်စာရင် agency တွေနဲ့ရှာတာက ပိုမြန်ပြီး ရွေးချယ်စရာလည်း ပိုများပါတယ်။ အဲ့လိုမှကြိုမရှာထားပဲ အလုပ်ပြန်လုပ်ချင်မှ ထရှာမယ်ဆိုရင် တော်ရုံနဲ့မရတဲ့အတွက် အလုပ်မရှိလို့ဆိုတဲ့ deprerssion ဝင်လာပါလိမ့်မယ်။

ကိုယ့် Skills တွေ တိုးတက်လာအောင်လုပ်ပါ

အလုပ်လက်မဲ့ဖြစ်နေချိန်မှာ တစ်ချိန်လုံးအနားယူနေမယ့်အစား ကိုယ်လုပ်စရာရှိတာလည်း လုပ်ရပါမယ်။ အရင်ဆုံး ကိုယ့်ရဲ့ skills တွေကို အရင်ထက်ပိုတိုးတက်လာအောင် လုပ်ရပါမယ်။ ဒီလိုလုပ်တာက အရမ်းအကျိုးရှိပါတယ်။

အသစ်တွေကိုလေ့လာသင်ယူပါ

အလုပ်မရှိလို့အားနေချိန်မှာ ဒီတိုင်းမနေပဲ အသစ်တွေကို လေ့လာသင်ယူပါ။ ကိုယ်ထပ်လုပ်ချင်တာ၊ ကိုယ့်နယ်ပယ်နဲ့ပတ်သက်ပြီး ထပ်လုပ်လို့ရမယ့်အရာတွေကို ထပ်လေ့လာပါ။

Exercise or Yoga လုပ်ပါ

အလုပ်လက်မဲ့ဖြစ်နေချိန်မှာ အနည်းနဲ့အများတော့ စိတ်ဓာတ်ကျပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ exercise လုပ်တာပဲဖြစ်ဖြစ်၊ yoga ကျင့်တာပဲဖြစ်ဖြစ် လုပ်ပေးပါ။ နှစ်မျိုးလုံးကတော့ စိတ်ပေါ့ပါးလန်းဆန်းစေပြီး ကိုယ်ရောစိတ်ပါ ကျန်းမာစေပါတယ်။

အနားယူချိန်သတ်မှတ်ပါ

အလုပ်လက်မဲ့ဖြစ်နေချိန်မှာ တစ်ချိန်လုံးအနားယူနေတာမျိုးမလုပ်ပဲ အပေါ်မှာပြောခဲ့တဲ့အချက်တွေကို လုပ်ကြည့်ပါ။ ပြီးရင်တော့ ကိုယ့်အတွက် အနားယူချိန်သတ်မှတ်ပြီး ရုပ်ရှင်ကြည့်တာ၊ အပန်းဖြေတာ၊ အပြင်သွားမုန့်စားတာ၊ သူငယ်ချင်းတွေနဲ့ ပျော်ပါးတာမျိုး လုပ်ပေးပါ။ ဒါမှလည်း စိတ်ဓာတ်မကျပဲ relax ဖြစ်ပြီး ပျော်နေမှာပါ။