တော်တော်များများကတော့ အသားဖြူချင်ကြတဲ့သူတွေချည်းပါပဲ။ အသားဖြူလာဖို့အတွက် ဆိုင်တွေမှာလည်း Scrub တွေမလုပ်ချင်ဘူး Spa တွေလည်းမသွားချင်ဘူးဆိုရင်တော့ အိမ်မှာပဲ ထိရောက်တဲ့ Products လေးတွေကိုသုံးပေးရပါမယ်။
Skincare လုပ်ဖို့ အချိန်မပေးနိုင်တဲ့သူတွေဆိုရင်တော့ ဒီနည်းလမ်းလေးတွေကိုသာ နေ့တိုင်းလုပ်ပါလို့ အကြံပေးချင်ပါတယ်။
Lotion လိမ်းပါ။
Source: www.naturalcare.bodyxbeauty.com
အသားသိသိသာသာဖြူလာချင်ရင်တော့ Whitening ပါတဲ့ Lotion တွေကို သုံးပေးပါ။ အသားဖြူဆပ်ပြာတွေသုံးစရာမလိုပါဘူး။ Lotion ကိုပဲ ပုံမှန်လိမ်းပေးရင်ရပါတယ်။ အသားဖြူပြီးသားသူတွေကတော့ ရေဓာတ်ဖြည့်ပေးတဲ့ Lotion တွေကိုပဲ နေ့တိုင်းလိမ်းပေးပါ။ တစ်နေ့ ၂ ကြိမ် လိမ်းပေးးရပါမယ်။ ညအိပ်ခါနီးမှာလည်း လက်နဲ့ ခြေထောက်ကို အသားထဲထိစိမ့်ဝင်သွားအောင် သေချာလိမ်းပေးပါ။
Sunscreen လိမ်းပါ။
Source: www.food.ndtv.com
Lotion တွေ ဘယ်လောက်လိမ်းလိမ်း နေလောင်ဒဏ်ကိုတော့ အပြည့်အဝမကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် SPF အနည်းဆုံး 30 လောက်ပါတာကို လိမ်းပေးရပါမယ်။ အပြင်သွားတိုင်း မဖြစ်မနေ လိမ်းပေးဖို့လိုပါတယ်။ Sunscreen က နေလောင်ဒဏ်ကို အပြည့်အဝကာကွယ်ပေးနိုင်လို့ အသားအရေပျက်စီးမှာနဲ့ အသားမဲမှာကို စိုးရိမ်စရာမလိုပါဘူး။
Body Scrub လုပ်ပါ။
Source: www.thehealthsite.com
တစ်ပတ်ကိုတစ်ခါတော့ Body Scrub လုပ်ပေးပါ။ Body Scrub လုပ်ပေးခြင်းက ဆဲလ်သေတွေနဲ့ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးတာဖြစ်လို့ အသားအရေကို အသစ်ပြန်ဖြစ်စေပြီး ကြည်လင်လာစေပါတယ်။ ကိုယ်လိမ်းလိုက်သမျှ Skincare တွေအားလုံးကိုလည်း ပိုပြီးစုပ်ယူနိုင်လို့ ထိရောက်တဲ့ရလဒ်ကို ရရှိစေပါတယ်။
နေပူထဲသွားရင် အကာအကွယ်နဲ့သွားပါ။
Source: Bright White Skin
ဘယ်လောက်ပဲ Skincare တွေလုပ်လုပ် အသားအရေကို ဂရုမစိုက်ပဲ နေချင်သလိုနေမယ်ဆိုရင်တော့ အားလုံးက သဲထဲရေသွန်ဖြစ်ကုန်မှာပါ။ ဒါကြောင့် နေပူထဲသွားပြီဆိုရင် လက်ရှည်အင်္ကျီပါးပါးလေးကို ဝတ်ဆင်ပါ။ ထီးအမြဲဆောင်းပါ။
မုန်လာဥနီဖျော်ရည်သောက်ပါ။
Source: www.ruganicarrots.co.za
မုန်လာဥနီဖျော်ရည်ဟာ အသားအရေအရမ်းလှပစေတာကို အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ မုန်လာဥနီဖျော်ရည်ကို အိမ်မှာပဲ Blander ထဲထည့်ပြီး ဖျော်ထားတာလေးကို သောက်ပေးပါ။ တစ်နေ့တစ်ခွက် နေ့တိုင်းသောက်ပေးမယ်ဆိုရင်တော့ အသားအရေက သိသိသာသာကို ကြည်ပြီးဖြူလာတာ တွေ့ရပါလိမ့်မယ်။
ဒီအချက် (၅) ချက်ကိုသာ သေချာဂရုစိုက်ပြီးလုပ်မယ်ဆိုရင်တော့ အချိန် ၂ လ လောက်နဲ့ သိသာတဲ့ရလဒ်ကို ရရှိလာမှာပါ။