ဂျိုင်းအသားအရေကလည်း ဂရုမစိုက်ပဲပစ်ထားရင် မဲလာတာ၊ အမွှေးအမျှင်တွေ ပိုပေါက်လာပြီး အနံ့ဆိုးထွက်တာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် ဂျိုင်းအသားအရေကို ဂရုတစိုက်နဲ့ ပုံမှန်လုပ်ပေးသင့်တဲ့အချက် ၅ ချက်ကို ပြောပြပေးလိုက်ပါတယ်။

Cleansing လုပ်ပါ

ဂျိုင်းအတွက် သီးသန့် Cleansing တွေလည်း ရှိပါတယ်။ အဲ့တာတွေသုံးရင်သုံး၊ မသုံးရင်လည်း ညဘက် မျက်နှာကို Makeup Remover နဲ့ဖျက်တိုင်းမှာ ဂျိုင်းကိုလည်း သုံးပေးပါ။ နေ့တိုင်းလုပ်ပေးရမှာ ဖြစ်ပါတယ်။ ဂျိုင်းမှာလည်း ကပ်နေတဲ့ဂျီးနဲ့အညစ်အကြေးတွေ ရှိတာကြောင့် ဂရုတစိုက်လုပ်ပေးပါ။ မဟုတ်ရင်တော့ ဂျိုင်းမဲတာတွေ ဖြစ်လာပါလိမ့်မယ်။

ပုံမှန် Exfoliate လုပ်ပါ

ဂျိုင်းကို တစ်ပတ်တစ်ကြိမ်၊ ၂ ကြိမ်လောက် Exfoliate ပုံမှန်လုပ်ပေးတာက ဂျိုင်းသားနူးညံ့ပြီး ဖြူစေတယ်၊ သန့်စင်စေတယ်၊ အနံ့အသက်ကောင်းစေပါတယ်။ Exfoliate လုပ်တဲ့အခါ ကြမ်းကြမ်းတမ်းတမ်းမလုပ်ပဲ ဖြေးဖြေးချင်းစီ ပွတ်ပေးပါ။ Gentle ဖြစ်တာမျိုး ရွေးသုံးပါ။

အမွှေးအမျှင်တွေကိုဖယ်ရှားပါ

အမွှေးအမျှင်တွေကို ပုံမှန်မဖယ်ရှားပေးရင် အနံ့အသက်ဆိုးထွက်စေပါတယ်။ သူများမြင်လို့လည်း မကောင်းပါဘူး။ ဒီတော့ ပုံမှန် Wax လုပ်တာမျိုး၊ Shaving လုပ်တာမျိုးတွေနဲ့ ဂရုစိုက်ပေးပါ။

Moisturizer လိမ်းပါ

ဂျိုင်းလိမ်းတဲ့ Cream တွေ Moisturizer တွေ လိမ်းပေးခြင်းဖြင့်လည်း ဂျိုင်းအသားအရေကို ဂရုစိုက်ပေးနိုင်ပါတယ်။

Deodorant သုံးပါ

ချွေးထွက်များရင် ဂျိုင်းနံ့ထွက်စေပါတယ်။ အနံ့အသက်ဆိုးနံစေပါတယ်။ ဒီတော့ Deodorant သုံးပေးတာ အကောင်းဆုံးပါပဲ။