နှစ်သစ်မှာပျော်ရွှင်ခြင်းတွေနဲ့ စတင်လျှောက်လှမ်းနိုင်ဖို့အတွက် နှစ်ဟောင်းမှာထားခဲ့သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ကိုယ့်အပေါ်မကောင်းတဲ့သူတွေ

ဒါကတော့ အရေးအကြီးဆုံးဖြစ်မှာပါ။ ကိုယ့်အပေါ်မကောင်းတဲ့သူတွေကြောင့် ကိုယ်ဘာတွေဖြစ်ခဲ့ရလဲဆိုတာကို ပြန်စဉ်းစားပါ။ နှစ်သစ်မှာ ပျော်ရွှင်ခြင်းတွေနဲ့ပဲ ပြည့်နေချင်တယ်ဆိုရင် ဒီလူတွေကို ထားခဲ့မှပဲဖြစ်မှာပါ။ ကိုယ့်အပေါ်မကောင်းမှန်းသိရက်နဲ့ ဒီလူတွေနဲ့ပဲ ဆက်ပြီးပတ်သက်နေမယ်ဆိုရင်တော့ နှစ်ဟောင်းမှာခံခဲ့ရသလို၊ နာကျင်ခဲ့ရသလိုတွေပဲ ထပ်ကြုံရမှာပါပဲ။

စိတ်ညစ်စရာတွေ

ကိုယ့်ရဲ့စိတ်ညစ်စရာတွေကို နှစ်ဟောင်းမှာပဲ စွန့်ပစ်ခဲ့ပါ။ နှစ်သစ်ကို ပျော်ရွှင်ခြင်းတွေနဲ့ပဲ တည်ဆောက်ပါ။ ဒီအတွက် ကိုယ်တိုင်လည်း ပြောင်းလဲဖို့လိုပါတယ်။ အရင်က စိတ်ညစ်စရာတွေရှိရင် ထိုင်တွေးပြီး ဝမ်းနည်းနေတယ်ဆိုရင် နှစ်သစ်ကစပြီး စိတ်ညစ်စရာတွေကို မြန်မြန်ပြေပျောက်အောင်လုပ်ပါ။ အများကြီးမတွေးပါနဲ့။ ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းပါ။ ကိုယ့်စိတ်ပျော်စေမယ့်အရာတွေကိုပဲ ရွေးပြီးလုပ်ပါ။

Toxic relationship

Toxic relationship ကြောင့် တစ်နှစ်တာလုံး နာကျင်ခံစားခဲ့ရတယ်၊ ဝမ်းနည်းခဲ့ရတယ်ဆိုရင် နှစ်သစ်ကိုယူမလာပါနဲ့။ Toxic relationship မှန်းသိရက်နဲ့ ဆက်ပြီးဖက်တွယ်နေမယ်ဆိုရင်တော့ နှစ်တွေဘယ်လောက်ပြောင်းပြောင်း စိတ်ဆင်းရဲနေရအုံးမှာပါပဲ။

ပျင်းရိခြင်း

ပျင်းရိခြင်းတွေကိုလည်း နှစ်ဟောင်းမှာထားခဲ့ပါ။ နှစ်သစ်ကစပြီး ကိုယ့်ကိုယ်ကို တိုးတက်အောင် ပြောင်းလဲပြင်ဆင်သင့်ပါတယ်။ တစ်နှစ်ကုန်လာလေ အသက်တစ်နှစ်ကြီးလာလေဖြစ်လို့ ကိုယ့်ဘဝတိုးတက်အောင် ကြိုးစားသင့်ပါပြီ။ ပျင်းရိတဲ့စိတ်တွေနဲ့ပဲ ဆက်သွားမယ်ဆိုရင် အလေလိုက်ပြီး ဘာမှဖြစ်ထွန်းမှာ မဟုတ်ပါဘူး။

အမှားတွေ

မှားနေမှန်းသိတဲ့အရာတွေ၊ ကိုယ်လုပ်ခဲ့တဲ့အမှားတွေကို နှစ်ဟောင်းမှာထားခဲ့လိုက်ပါ။ နှစ်သစ်ထိယူလာပြီး အမှားတွေဆက်လုပ်မနေပါနဲ့တော့။ နှစ်ဟောင်းမှာ မှားခဲ့တဲ့အရာတွေကို သင်ခန်းစာယူပြီး နှစ်သစ်မှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပါ။