နှစ်တစ်နှစ်ကုန်လို့ နောက်တစ်နှစ်ပြောင်းသွားလည်း ကိုယ်ကတော့ ဘာမှပြောင်းလဲလာတာ မရှိဘူးဆိုတာမျိုး မဖြစ်ပါစေနဲ့။ နှစ်သစ်မှာ နှစ်ဟောင်းနဲ့မတူပဲ အရာရာတိုးတက်ပြောင်းလဲလာအောင်၊ ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်လာအောင် စတင်လုပ်ဆောင်သင့်ပါပြီ။ အများကြီး တစ်ခုချင်း လိုက်ပြောင်းလဲနေစရာလည်း မလိုပါဘူး။ အဓိက ဒီအရာ ၆ ခုကိုပဲ နှစ်သစ်ကစပြီး စတင်ပြောင်းလဲလိုက်သင့်တာပါ။

ပိုကြိုးစားပါ

အရင်နှစ်တွေကထက် ပိုပြီးတော့ အလုပ်ကြိုးစားပါ။ တစ်နှစ်ကုန်သွားတိုင်း ကိုယ့်အသက်ကလည်း ပိုကြီးလာတာဆိုတော့ အရွယ်ကောင်းတုန်း ကိုယ်ရှာနိုင်တုန်းမှာ အလုပ်ကြိုးစားပြီး တက်လမ်းရအောင်ရှာရမယ်၊ ပိုက်ဆံရှာရပါမယ်။ ဒါမှလည်း ကိုယ့်ဘဝတိုးတက်လာမှာ။

ပိုက်ဆံစုဖြစ်အောင်စုပါ

အရင်နှစ်တွေက အလုပ်လုပ်ခဲ့ပေမယ့် နှစ်သစ်သာရောက်လာတယ် လက်ထဲပိုက်ဆံမစုမိတာမျိုး ဖြစ်တဲ့သူတွေ အများကြီးရှိမှာပါ။ ဒါကြောင့် ဒီနှစ်ကစပြီး ပိုက်ဆံစုပါ။

အတွေးအခေါ်တွေပြောင်းလဲပါ

အရင်လို ကလေးဆန်တဲ့ အတွေးအခေါ်တွေ၊ မရင့်ကျက်တဲ့အတွေးတွေကို ပြောင်းလဲပစ်လိုက်ပါ။ ဖြစ်ချင်တာတွေကိုပဲ တွေးမနေပဲ ဖြစ်သင့်တာ၊ လုပ်သင့်တာတွေကို ဦးစားပေးပါ။ အတွေးအခေါ်တွေ ပြောင်းလဲသွားရင် အရာရာ အကောင်းဘက်ကိုပဲ ဦးတည်လာပါတယ်။ ဒါကြောင့် စာအုပ်လည်း များများဖတ်ပေးပါ။

မိသားစုကိုအချိန်ပေးပါ

မိသားစုကိုအချိန်များများပေးပါ။ အရင်က ကိုယ်ဆိုးခဲ့တာတွေ၊ မရင့်ကျက်ခဲ့တာတွေရှိရင် ပြင်ဆင်ပြီး ကိုယ့်မိသားစုကို ပိုချစ်ခင်ပြီး တန်ဖိုးထားပါ။

ကိုယ့်ကိုနာကျင်စေတဲ့အရာတွေကိုထားခဲ့ပါ

ကိုယ့်ကိုနာကျင်စေတဲ့သူတွေ၊ ကိုယ့်အတွက်နာကျင်စေတဲ့အရာတွေကို နှစ်ဟောင်းမှာထားခဲ့လိုက်ပါ၊ လွှတ်ချခဲ့လိုက်ပါ။ နှစ်သစ်ထိသယ်မလာပါနဲ့။ ကိုယ်ပဲဆက်ပြီး နာကျင်ရပါလိမ့်မယ်။