Matte Lipstick ဆိုတာက အစားအသောက်စားရင် မပျက်တာ ၊ Long lasting ဖြစ်တာ ၊ Lightweight ဖြစ်တာတွေကြောင့် မိန်းကလေးတွေကြား လူကြိုက်များပါတယ်။ ဒါပေမယ့် Matte ကို အမြဲဆိုးတဲ့အခါ နှုတ်ခမ်းသားတွေ ခြောက်တာ ကွဲတာမျိုးတွေဖြစ်လာပါတယ်။ ဒါဆိုရင်တော့ နှုတ်ခမ်းကို ဂရုစိုက်ဖို့ အချိန်ရောက်ပါပြီ။ ဒါကြောင့် Matte ဆိုးရတာ ကြိုက်နှစ်သက်တဲ့ပျိုမဒီတွေအတွက် နှုတ်ခမ်းသားမပျက်စီးအောင် ဒီအချက်လေးတွေကို အမြဲလုပ်ပေးပါ။

အရင်ဆုံး Exfoliate လုပ်ပါ

နှုတ်ခမ်းကို ကြမ်းတမ်းပြီး မညီမညာဖြစ်စေတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားဖို့ Exfoliation
က မဖြစ်မနေ လိုအပ်ပါတယ်။ Homemade Sugar Scrub ကို နူးညံ့တဲ့ အမွေးအမှင်ပါတဲ့ သွားတိုက်တံနဲ့ နှုတ်ခမ်းကို ညင်သာစွာ ပွတ်ပေးပါ။ ဒါမှလည်း သင့်နှုတ်ခမ်းကို နူးညံ့ပျော့ပြောင်းစေမှာပါ။

Moisture လုပ်ပါ

နှုတ်ခမ်းပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပြီးရင် နှုတ်ခမ်းသားခြောက်သွေ့မှု မဖြစ်စေဖို့ အစိုဓာတ်ကို ပြန်ဖြည့်ပေးဖို့ လိုပါတယ်။ Lip Balm, Oil ဒါမှမဟုတ် Nourishing Treatment တခုခုလိမ်းပေးပါ။ ဒါက နှုတ်ခမ်းသားကွဲတာကို ကာကွယ်ပေးပြီး နှုတ်ခမ်းနီကို ချောမွေ့စေဖို့ ကူညီပေးပါတယ်။

Primer သုံးပါ

အလှပြင်တဲ့အခါ နှုတ်ခမ်းနီမဆိုးခင် မိတ်ကပ်အရင်လိမ်းပါ။ မိတ်ကပ်လိမ်းနေချိန် နှုတ်ခမ်းကို သီးသန့် Lip Primer ဒါမှမဟုတ် Concealer ပါးပါးလေး နဲ့ ဆိုးပေးလိုက်ပါ။

Lip Liner သုံးပေးပါ

နှုတ်ခမ်းနီဆိုးတဲ့အခါ Lip Liner သုံးပြီးမှဆိုးတာက နှုတ်ခမ်းပုံစံပိုကျစေမှာပါ။

ပေနေတာတွေကိုသုတ်ပေးပါ

နှုတ်ခမ်းနီဆိုးရင် ဘေးတွေပေသွားရင် ဂွမ်းစကို micellar ရေထဲ နှစ်ပြီး ပေတဲ့ အနားစွန်းတွေကို ပွတ်ပေးပါ။ ပြီးရင်တော့ နှုတ်ခမ်းပုံကျစေဖို့ Concealer သေးသေးလေးကို စုတ်တံအသေးလေးနဲ့ သုံးပေးပါ။