အခုဖော်ပြတဲ့ အကြောင်းအရာတွေကတော့ အံ့သြစရာကောင်းစွာပဲ သင်ကိုယ်တိုင် သင့်ချစ်သူကောင်လေးကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အပြုအမူစကားတွေပဲ ဖြစ်ပါတယ်။ သင်က သင်ချစ်ရတဲ့ ကောင်လေးကို စိတ်မညစ်စေဘဲ သင့်ကိုပဲ ပိုချစ်လာစေချင်ရင် သင်ပြောတဲ့ စကားအကြောင်းအရာတွေကိုလည်း သတိထား ရွေးချယ်ကာ ပြောဆိုသင့်ပါတယ်။ သင်နားလည်ထားတဲ့ ပြောလို့ရတယ်ထင်ရတဲ့ တချို့အကြောင်းအရာတွေက တကယ်တော့ သင်ထင်သလို ဟုတ်ချင်မှ ဟုတ်တာပါ။ သင်သိထားတာနဲ့ တခြားစီတောင် ဖြစ်နေနိုင်ပါတယ်။

အောက်ဖော်ပြပါ အကြောင်းအရာတွေကတော့ သင့်ကောင်လေးကို စိတ်ဆိုးစေတဲ့ သင်ကိုယ်တိုင် ပြောမိနေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

၁။ အင်္ကျီတွေကို ဘယ်သူဆင်ပေးတာလဲ

သင့်ကောင်လေးက ဝတ်တာ အဆင်မပြေလို့ပဲဖြစ်ဖြစ်၊ သင့်မျက်လုံးထဲ ဘယ်လိုမှ ကြည့်မရတာကြောင့်ပဲ ဖြစ်ဖြစ် သူ့ဝတ်ဆင်ပုံကို မေးခွန်းမထုတ်သင့်ပါဘူး။ ဒီလိုမေးမယ့်အစား သင်က သင်နှစ်သက်တဲ့ အဝတ်အစား တံဆိပ်တွေ၊ စတိုင်တွေကို အရင်ပြောသင့်ပါတယ်။ သူ့အဝတ်အစားနဲ့ ပတ်သက်ပြီး ဝေဖန်အထင်သေးတဲ့ပုံစံမျိုး မလုပ်သင့်ပါဘူး။

၂။ အလုပ်မအားဘူး

သင်က ဘယ်လောက်ပဲ အလုပ်များပါစေ ရည်းစားထားတယ်ဆိုရင် သူ့အတွက် အနည်းဆုံး အချိန် တစ်နာရီလောက် ပေးသင့်ပါတယ်။ သူ့ကို မအားဘူးလို့ ငြင်းဆိုလိုက်တာက သူက သင့်ဘဝမှာ ဘာမှ အရေးမပါဘူးလို့ ထင်မှတ်သွားစေပါတယ်။

၃။ ငါ့ရည်းစားဟောင်းက ဆိုးတယ်

သင်က သင့်လက်ရှိကောင်လေး ရှေ့မှာ အရင်ရည်းစားဟောင်းအကြောင်းကို ပြောတတ်သူဆိုရင် ဒါကို ရှောင်သင့်ပါတယ်။ ဘယ်လောက်ပဲ အရင်ရည်းစားဟောင်းရဲ့ မကောင်းကြောင်းကို ပြောပါစေ သင်က အရင်လူအပေါ် သံယောဇဉ်မပျက်သေးဘူးလို့ ဆိုလိုရာ ရောက်ပါတယ်။

၄။ ငါ့ဘဝက ဆိုးလိုက်တာ

သင့်ဘဝ၊ သင့်ကံတရားက ဆိုးကြောင်းကို ခဏခဏ သူ့ဆီမှာ ပြောနေတာက သူ့ကို စိတ်ညစ်လာစေပါတယ်။ စိတ်ညစ်စရာတွေကို ရင်ဖွင့်လို့ ရပေမယ့် ကိုယ့်ဘဝ ကံဆိုးကြောင်း၊ အဆင်မပြေကြောင်း ငြီးတွားတာမျိုးကို ယောက်ျားလေး အများစု မကြိုက်တတ်ကြပါဘူး။ ဒီအစား သင်က ဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းသူဖြစ်ကြောင်း သူမြင်အောင် ပြသင့်ပါတယ်။

၅။ ဒီနေ့ကိုက ဆိုးရွားတာ

ကောင်လေးတိုင်းက ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ချစ်သူကောင်မလေးကို လိုချင်ကြပါတယ်။ သင့်တစ်နေ့တာ ဘယ်လောက်ပဲ အဆင်မပြေ ဖြစ်ပါစေ တစ်နေ့လုံး ငြီးဖို့ မသင့်ပါဘူး။ ဒီလိုလုပ်တာက သင့်ကောင်လေးကို စိတ်ပျက်လာစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar