အဆီပြန်တဲ့ Oily Skin တွေအတွက် မိတ်ကပ်ပြင်တဲ့အခါမှာ သုံးပေးဖို့လိုတဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ Oily Skin တွေက ပုံမှန်ထက်ပိုပြီး အဆီပြန်တဲ့အတွက် ခဏလေးနဲ့ မိတ်ကပ်ပျက်တာ၊ ကွက်တာတွေ ဖြစ်တတ်လို့ ဒီအရာတွေကိုသုံးပေးမယ်ဆိုရင် ပုံမှန်ထက်ပိုပြီး မိတ်ကပ်သား ကြာရှည်ခံစေပါတယ်။ မိတ်ကပ် Look လေးလည်း ပိုလှစေပါတယ်။

Primer

Toner, Moisturizer, Sunscreen စတဲ့ လိုအပ်တဲ့ Skincare Step တွေ လိမ်းပေးပြီးရင် Primer လိမ်းပေးပါ။ Primer လိမ်းပေးတာက မိတ်ကပ်သားပိုကြာရှည်ခံစေပြီး ချွေးပေါက်တွေကိုလည်း ဖုံးပေးပါတယ်။

Foundation

အဆီပြန်တဲ့ Oily Skin တွေက Foundation ရွေးချယ်တဲ့အခါမှာ Matte Type ကို ရွေးချယ်ပါ။ ဒါက ပိုပြီးမိတ်ကပ်သားစွဲတယ်၊ ကြာရှည်ခံပါတယ်။ Oily Skin တွေအတွက် အဆင်အပြေဆုံးပါပဲ။ လိမ်းတဲ့အခါမှာလည်း လက်နဲ့ပြီးစလွယ်လိမ်းတာမျိုး မလုပ်ပါနဲ့။ Makeup Brush, Makeup Sponge စတာတွေနဲ့ သေချာလိမ်းပေးပါ။

Concealer

အသားအရောင်မညီတဲ့နေရာ၊ အမဲစက်ရှိတဲ့နေရာတွေကို ဖုံးပေးဖို့အတွက် Concealer လည်းသုံးပေးပါ။ ပြီးရင် Foundation ထပ်လိမ်းရင် မိတ်ကပ်သားပိုပြီးတော့လည်း ကြာကြာခံပါတယ်။ မိတ်ကပ်ပြင်ထားတာလည်း ပိုပြီး Perfect ဖြစ်စေပါတယ်။

Setting Powder

အဆီပြန်တဲ့အတွက် အားလုံးလိမ်းပြီးရင် Lock ချလိုက်သလိုမျိုး မိတ်ကပ်သားမရွေ့တော့အောင် Setting Powder သုံးပေးပါ။ မိတ်ကပ်သား သိပ်သိပ်ညက်ညက်လေးဖြစ်ပြီး ပိုလှပါတယ်။ မိတ်ကပ်သားလည်း ပိုကြာရှည်ခံစေတာပေါ့။

Setting Spray

နောက်ဆုံးမှာတော့ အားလုံးပြင်ဆင်ပြီးသွားရင် Setting Spray ဖြန်းပေးပါ။ မိတ်ကပ်သားတက်ပြီး ပိုလှပါတယ်။ ပြင်ဆင်ခြယ်သထားတာတွေကိုလည်း မရွေ့အောင်၊ မကွက်အောင် ကြိုတင်ကာကွယ်ပေးပါတယ်။