အသက် ၂၀ အရွယ်ကို ရောက်လာပြီဆိုရင် ဆယ်ကျော်သက်အရွယ် မဟုတ်တော့တဲ့အတွက် ကလေးဆန်တာလေးတွေ နည်းနည်းလျှော့သင့်ပါပြီ။ အသက် ၂၅ လောက်ရောက်ရင်တော့ တည်ငြိမ်သင့်ပြီပေါ့။ အသက်တဖြေးဖြေးကြီးလာတာနဲ့အမျှ ကိုယ့်အတွက် အကျိုးရှိစေမယ့်အရာတွေကို ဖြေးဖြေးချင်းစီ လုပ်ယူသွားသင့်ပါပြီ။ ဒါမှ အသက်ကြီးလာတဲ့အခါမှာ နောင်တမရမှာပါ။ သင့်အသက် ၂၀ အရွယ်ကို ရောက်လာပြီဆိုရင် အနည်းဆုံးတော့ ဒီအရာ ၅ ခုကို လုပ်ပေးပါ။

ကိုယ်ပိုင်ဝင်ငွေရှိအောင်လုပ်ပါ

အခုခေတ်မှာ လုပ်စရာတွေက အများကြီးရှိပါတယ်။ အိမ်ကပေးတဲ့မုန့်ဖိုးကိုပဲ အားကိုးမနေပါနဲ့။ ကျောင်းမပြီးသေးဘူးဆိုရင်တော့ လုပ်ငန်းခွင်ဝင်ပြီး အလုပ်လုပ်ဖို့က မဖြစ်နိုင်သေးတဲ့အတွက် Online Shopping လုပ်တာမျိုး၊ ကိုယ်ဝါသနာပါတဲ့အရာတစ်ခုခု (ဥပမာ – မုန့်လုပ်ရောင်းတာ) စသဖြင့် Online မှာရောင်းတာမျိုးလုပ်ပါ။ ဒါကလည်း ကြာလာတဲ့အခါမှာ မိတ်တွေရလာရင်၊ အောင်မြင်လာမှာမို့ ကိုယ်ပိုင်စီးပွားရေးတစ်ခု ဖြစ်လာပါလိမ့်မယ်။

ကိုယ်က အဝေးသင်တက်နေတာမျိုးဆိုရင်တော့ ဒါမျိုးတွေကို ဝါသနာမပါရင် မလုပ်ချင်ရင် လုပ်ငန်းခွင်ကိုဝင်ပါ။ အသက် ၂၀ လောက်ထဲက လုပ်ငန်းခွင်ဝင်ထားရင် ဘွဲ့ရလာတဲ့အခါ၊ အသက် ၂၅ လောက်ဖြစ်လာတဲ့အခါမှာ Experience လည်း ကောင်းကောင်းရှိနေပြီမို့ နေရာတစ်ခုကို ရောက်သွားမှာပါ။

မှန်ကန်တဲ့ Relationship ကို ရွေးချယ်ပါ

တစ်ယောက်ပြီးတစ်ယောက် တွဲမနေချင်ဘူးဆိုရင်တော့ အသက် ၂၀ လောက်ထဲက မှန်ကန်တဲ့ Relationship တစ်ခုကို သေချာရွေးချယ်ပါ။ လူတိုင်းအပေါ် သံယောဇဉ်မလွယ်ပါနဲ့။ ဘယ်သူ့ကိုမှ စိတ်တိုင်းမကျရင် တစ်ယောက်ထဲသာနေပါ။ တစ်ယောက်ထဲနေပြီး စိတ်ချမ်းသာစွာနဲ့ အပူအပင်မရှိပဲ ကိုယ့်ဘဝတက်လမ်းကိုသာ ရှာဖွေပြီး ကြိုးစားပါ။

ခရီးသွားပါ

ခရီးများများသွားလေ အတွေ့အကြုံ၊ ဗဟုသုတ များများရလေပါပဲ။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုရှိပြီး အားကိုးတတ်လာပါလိမ့်မယ်။ သူငယ်ချင်းတွေနဲ့လည်း ခရီးတွေသွားပါ။ မတူညီတဲ့နေရာတွေကို ခရီးများများထွက်ပေးပါ။ နောက်ပိုင်းကျရင် တစ်ယောက်ထဲ ခရီးသွားနိုင်ရင် ပိုတောင်ကောင်းပါသေးတယ်။

ကိုယ့်ဘဝကို Plan လုပ်ပါ

ကိုယ်ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲဆိုတာကို သေချာသိအောင်လုပ်ပြီး Plan ချပါ။ ဖြေးဖြေးချင်းစီလုပ်သွားပါ။ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာ အတည်တကျဖြစ်သွားစေဖို့ အသက် ၂၀ အရွယ်မှာထဲက ကိုယ့်ဘဝအတွက် Life Plan လုပ်ထားပေးပါ။

အပေါင်းအသင်းများများထားပါ

အသက် ၂၀ လောက်ရောက်ပြီဆိုရင် အပေါင်းအသင်းမိတ်ဆွေများအောင်လုပ်ပါ။ ပေါင်းသင်းဆက်ဆံရေးမကောင်းရင်၊ မိတ်ဆွေအပေါင်းအသင်း နည်းရင် အဆင်မပြေပါဘူး။ စီးပွားရေး၊ လူမှုရေးအတွက် အဆင်မပြေပါဘူး။ ဒါကြောင့် အားလုံးနဲ့ အဆင်ပြေအောင် ပေါင်းတတ်သင်းတတ်ဖို့ လိုပါတယ်။ စာများများဖတ်ပေးခြင်းကလည်း ပေါင်းသင်းဆက်ဆံရေးကောင်းမွန်လာဖို့ အများကြီး အထောက်အကူ ဖြစ်စေပါတယ်နော်။

photo source: www.freepik.com