အိမ်မှာနားနေရတဲ့အချိန်မှာ ဖုန်းသုံးလိုက်၊ အိပ်လိုက်၊ စားလိုက်မလုပ်ပါနဲ့။ အိမ်မှာနေရင်းနဲ့အကျိုးရှိအောင် ဒါလေးတွေကို လုပ်ကြည့်ပါ။ ကိုယ့်အတွက် အများကြီးအကျိုးရှိစေပါတယ်။

စာဖတ်ပါ

အိမ်မှာနားနေရတဲ့အချိန်မှာ စာဖတ်ပါ။ စားများများဖတ်လေ ကိုယ့်အတွက် အကျိုးရှိလေပါပဲ။

ကိုယ်ဝါသနာပါတာတွေကိုလေ့လာပါ

ဒီလိုအိမ်မှာအကြာကြီးနေရတဲ့အချိန်က ဘာမှလုပ်စရာမရှိတဲ့အတွက် ကိုယ်ဝါသနာပါတာတွေကို လေ့လာဖို့ အချိန်တွေအများကြီးရပါတယ်။ ဒါကြောင့် အကျိုးရှိအောင် ကိုယ်ဝါသနာပါတာတွေကို လေ့လာလိုက်ပါ။

ဘာသာစကားလေ့လာပါ

ဒီလိုအချိန်မှာ တစ်ခုခုထူးပြီး အကျိုးရှိအောင်လုပ်ချင်ရင် ဘာသာစကားတစ်ခုကို လေ့လာလိုက်ပါ။ Youtube မှာ အများကြီးရှိတဲ့အတွက် သေချာလုပ်မယ်ဆိုရင် တစ်နေ့ကို Video တစ်ခုနားထောင်ပြီး စာသေချာလိုက်လုပ်ရင် ရပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

အိမ်မှာ ဘာမှမလုပ်ရလို့ အိပ်လိုက်၊ စားလိုက်နဲ့ဆိုရင် ဝလာပါလိမ့်မယ်။ အိမ်မှာအမြဲနေရတော့ ထိုင်းမှိုင်းနေပါလိမ့်မယ်။ ဒါကြောင့် နေ့တိုင်း လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါ။ ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်သလို ဝိတ်လည်းကျပြီး လန်းဆန်းမှုရှိစေမှာပါ။

Skincare လုပ်ပါ

အိမ်မှာနေလို့ အသားအရေကို ဂရုမစိုက်ပဲမနေပါနဲ့။ ဒီလိုအပြင်မထွက်ပဲ အိမ်မှာနေရတဲ့အချိန်တွေမှာ Skincare လုပ်ရင် ပိုပြီး ထိရောက်ပါတယ်။ မျက်နှာတင်မဟုတ်ပဲ Body ကိုလည်း Skincare လုပ်ဖို့ မမေ့ပါနဲ့။

Photo Source: www.freepik.com