မိန်းကလေးတစ်ယောက်အတွက် ဆံကေသာအလှကလည်း အရေးပါတဲ့အရာတစ်ခုပါပဲ။ တချို့မိန်းကလေးတွေဆိုရင် ကိုယ့်ဆံပင်လေးတွေကို မြတ်နိုးလို့ တယုတယနဲ့ အမြဲဂရုစိုက်ပြီး Hair Care တွေ လုပ်နေကြတာပါ။ ကိုယ်က ဒီလို Hair Care တွေလည်း သေချာမလုပ်နိုင်ဘူးဆိုရင် ဆံသားထပ်ပြီး မပျက်စီးအောင်တော့ ထိန်းသိမ်းရမှာပါ။ အဓိကကတော့ ဆံသားပျက်စီးစေမယ့်အရာတွေကို ရှောင်ဖို့ပါပဲ။ ဒါကြောင့် ဒီတစ်ခါမှာတော့ အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး ဆံသားကိုပျက်စီးစေနိုင်တဲ့ အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။
ဆံပင်ရေမခြောက်သေးပဲအိပ်ခြင်း
ခေါင်းလျှော်ပြီးရင် ဆံပင်ကိုရေခြောက်အောင်လုပ်ပါ။ ဆံပင်ရေမခြောက်သေးပဲ အိပ်တာက ဆံသားပျက်စီးစေပါတယ်။ လုံးဝအိပ်ပျော်သွားမှ မဟုတ်ပါဘူး။ ဆံပင်ရေမခြောက်သေးပဲ ဒီတိုင်းလှဲအိပ်နေတာကိုက ဆံသားပျက်စီးစေတာပါ။ ဆံပင်တွေနှစ်ခွဖြစ်တာ၊ ပြတ်ထွက်တာတွေ ဖြစ်စေပါတယ်။
ဆံထုံးထုံးပြီးအိပ်ခြင်း
Hair Bun လို ဆံထုံးလေးတွေထုံးပြီး အိပ်တာက ဆံသားပျက်စီးစေပါတယ်။ ခေါင်းကိုက်တာ၊ ဆံပင်ကျွတ်တာ၊ ဆံသားနာတာတွေ ဖြစ်စေပါတယ်။
ဆံပင်မရှင်းပဲအိပ်ခြင်း
အိပ်ခါနီးမှာ ဆံပင်ကိုသေချာရှင်းပြီး အိပ်ရပါတယ်။ ဆံပင်မရှင်းပဲ အိပ်မယ်ဆိုရင် မနက်ကျ ဆံပင်တွေက ပိုရှုပ်ထွေးပြီး ရှင်းရခက်မယ်၊ ဆံပင်ကျွတ်မယ်၊ စိတ်တိုပြီး ကြမ်းကြမ်းတမ်းတမ်း ဖြီးမိရင် ဆံသားနာပြီး ဆံပင်တွေ အထွေးလိုက် ကျွတ်လာမှာပါ။
ကျစ်ဆံမြီးမကျစ်ပဲအိပ်ခြင်း
ညအိပ်တဲ့အခါမှာ ဆံပင်ကိုသေချာရှင်း ကျစ်ဆံမြီးကျစ်ပြီး အိပ်တာက ဆံပင်အရှည်မြန်စေတယ်၊ ဆံသားတောက်ပြောင်ပြီး ကျန်းမာစေလို့ ကောင်းတဲ့အလေ့အကျင့်တစ်ခုပါ။ မနက်ရောက်တဲ့အခါမှာလည်း ဆံပင်က ရှုပ်ထွေးမနေတော့ဘူးပေါ့။
Hair Oil မသုံးခြင်း
Hair Oil လုံးဝမသုံးပဲနေတာက မကောင်းပါဘူး။ ဆံသားလှပဖို့၊ ကျန်းမာဖို့၊ ပျက်စီးတာသက်သာဖို့ဆိုရင် Hair Oil မဖြစ်မနေ သုံးပေးရမှာပါ။ တစ်ခေါင်းလုံးလည်း လိမ်းစရာမလိုပါဘူး။ အဓိကက ခေါင်းလျှော်ပြီးချိန်မှာလိမ်း၊ ပြီးရင် ညအိပ်ယာဝင်ခါနီးတိုင်း ဆံပင်အဖျားလေးတွေကို လိမ်းပေးဖို့ပါပဲ။