လက်ရှိ Relationship မှာ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေတဲ့အခါ၊ ဂရုစိုက်မှုတွေ မရတဲ့အခါမှာတော့ အထီးကျန်တဲ့ စိတ်ခံစားမှုတွေ ဝင်လာပါတယ်။ အထီးကျန်လို့ဆိုပြီး စိတ်ညစ်ပူဆွေးနေမယ့်အစား ဒီအချက် ၅ ချက်ကို လုပ်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

သင့်ခံစားချက်တွေကိုပြောပြပါ

သင့်လက်တွဲဖော်ကို သင်ခံစားနေရတဲ့အရာတွေ ပြောပြပါ။ ပြောပြမှသိမှာမို့ ပြောပြပါ။ ဒါမှ သူလည်း ပြောင်းလဲသင့်တာပြောင်းလဲပြီး ဂရုစိုက်ပေးမှာပါ။ ခံစားချက်တွေကို တစ်ယောက်ထဲမြိုသိပ်ထားရင် ကိုယ်ပဲခံစားရမှာပါ။

တခြားသူတွေနဲ့အဆင်ပြေအောင်နေပါ

ရည်းစားနဲ့အဆင်မပြေလည်း တခြားသူနဲ့အဆင်ပြေပြီး ပျော်ရွှင်နေရရင် အထီးကျန်တယ်ဆိုတာမျိုးလည်း ရှိတော့မှာမဟုတ်ပါဘူး။ ဒီတော့ အားလုံးနဲ့အဆင်ပြေအောင် ခင်မင်အောင် နေကြည့်ပါ။

ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ

ရည်းစားကဂရုမစိုက်လို့ အထီးကျန်ပြီး စိတ်ညစ်နေမယ့်အစား ကိုယ့်ကိုယ်ကို ပိုဂရုစိုက်လိုက်ပါ။ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ လှပအောင်ပြင်ဆင်တာ၊ ကိုယ်ပျော်မယ့်အရာတွေ ဦးစားပေးလုပ်တာမျိုး လုပ်ရင်းနဲ့နေသွားပါ။

သူငယ်ချင်းအပေါင်းအသင်းနဲ့အပြင်မှာတွေ့ပါ

တချို့ကျတော့ ရည်းစားရသွားရင် သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သိပ်ပြီးမတွေ့ဖြစ်တော့ပါဘူး။ ဒါမျိုးက ရည်းစားနဲ့အဆင်ပြေနေချိန်မှာတော့ ဘာမှမဖြစ်ပေမယ့် ရည်းစားနဲ့အဆင်မပြေတဲ့အခါ ရည်းစားကဂရုမစိုက်လို့ တစ်ယောက်ထဲဖြစ်နေတဲ့အခါမှာတော့ ကိုယ့်အနားမှာဘယ်သူမှမရှိတော့သလို ခံစားရပြီး အထီးကျန်လာပါလိမ့်မယ်။ ဒီတော့ ရည်းစားရလည်း သူငယ်ချင်းတွေကိုမမေ့ပါနဲ့။ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ပဲ အပြင်မှာတွေ့ပါ။ ပျော်ပါးပါ။ ဒါမှ အထီးကျန်တဲ့အချိန် မရှိမှာပါ။

အရာအားလုံးသင့်လက်တွဲဖော်ကိုအားမကိုးပါနဲ့

ရည်းစားရသွားရင် အရာအားလုံး လက်တွဲဖော်ကိုပဲအားကိုးနေတာမျိုးက အဆင်မပြေပါဘူး။ သူနဲ့အဆင်မပြေတဲ့အခါ သူမအားတဲ့အခါ ဂရုမစိုက်ဖြစ်တဲ့အခါမှာ အားငယ်စိတ် အထီးကျန်စိတ်တွေ ဝင်လာစေပါတယ်။ ဒီတော့ အရာအားလုံး သင့်လက်တွဲဖော်ကိုပဲ အားမကိုးပဲ ကိုယ်တစ်ယောက်ထဲလုပ်ပါ။ တစ်ယောက်ထဲလည်း အဆင်ပြေအောင်နေပါ။ ဒါဆိုရင် အထီးကျန်တယ်ဆိုတဲ့ စိတ်ခံစားမှုတွေ လျော့နည်းသွားပါလိမ့်မယ်။