ဆံပင်အဆီပြန်တာဟာ ကိုယ့်ရဲ့ အပြုအမူနဲ့လည်း မူတည်ပါတယ်။ သင့်အနေနဲ့ ခေါင်းလျှော်လိုက်တိုင်း သိပ်မကြာခင် ဆံပင်က အဆီမြန်မြန်ပြန်လာတတ်တယ်ဆိုရင် သင့်မှာ အခုဖော်ပြမယ့် အလေ့ကျင့်ဆိုးတွေ ရှိမရှိ လေ့လာကြည့်ရအောင်ပါ။

၁။ ဆံပင်ကို ခဏခဏ ကိုင်တွယ်ခြင်း

ဆံပင်ကို မကြာခဏ ကိုင်တွယ်ပေးတာဟာ အဆီထွက်လွယ်စေပြီး ဆံပင်ကို ညစ်ညမ်းလွယ်စေပါတယ်။

၂။ အဆီ၊ စပရေး၊ Serum လိမ်းခြင်း

ဆံပင်မှာ အဆီ၊ စပရေး၊ Serum လိမ်းပေးတာဟာလည်း သင့်ဆံကေသာကို အဆီပြန်လွယ်စေပါတယ်။ အဲဒီလိုလိမ်းမယ်ဆိုရင်လည်း ဦးရေပြားမထိအောင် ဆံပင်အဖျားလေးတွေကိုပဲ လိမ်းပေးသင့်ပါတယ်။

၃။ သင့်ဦးရေပြားနဲ့ မသင့်တော်တဲ့ အလှကုန်ပစ္စည်းတွေ

မျက်နှာသစ်ခရင်မ်ကိုကိုယ်နဲ့ တည့်တာသုံးသလို ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးကိုလည်း ကိုယ်နဲ့ သင့်တော်တာကို ရွေးပြီး သုံးသင့်ပါတယ်။

၄။ ခေါင်းခဏခဏ လျှော်ခြင်း

ရေချိုးတိုင်း ခေါင်းလျှော်ပေးတာဟာ သင့်ဆံပင်ကို ပိုအဆီပြန်စေပါတယ်။ လျှော်မှာပေါ့ မလျှော်လို့မှမရတာလို့ သင့်အနေနဲ့ ဆင်ခြင်ပေးမိမှာမှန်ပေမယ့် ခေါင်းကို ၂ ရက်ခြား ၃ ရက်ခြားမှ လျှော်တတ်တဲ့အကျင့်လုပ်ပေးပါ။

၅။ ခေါင်းဘီးကို သန့်ရှင်းရေးမလုပ်ပေးခြင်း

ခေါင်းဘီးမှာ သင့်ဆံကေသာက ဘက်တီးရီးယားတွေ အညစ်အကြေးတွေ ကပ်ညှိနေတာကြောင့် ခေါင်းဘီးကို ၁ ပတ်တစ်ခါသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။