စိတ်ဓာတ်ကျနေတဲ့အချိန်မှာ သူများအားမကိုးပဲ တစ်ယောက်ထဲကျော်ဖြတ်နိုင်အောင် နေရပါမယ်။ စိတ်ဓာတ်ကျတာက ပိုဆိုးမသွားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေတဲ့အချိန်မှာ တစ်ယောက်ထဲကျော်ဖြတ်နိုင်အောင် လုပ်ပေးရမယ့်အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီအရာတွေကို လုပ်ရင်းနဲ့ စိတ်ဓာတ်ကျတဲ့အခြေအနေကို တိုက်ထုတ်လိုက်ကြရအောင်။

Social Media မသုံးပဲနေကြည့်ပါ

စိတ်ဓာတ်ကျနေတဲ့အချိန်မှာ Social Media သုံးလိုက်ရင် တစ်ခါတစ်လေကျ ပိုပြီးစိတ်ညစ်ရပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ Social Media မသုံးပဲနေလိုက်ပါ။ အထူးသဖြင့် Facebook တွေမသုံးပဲနေလိုက်တာ ပိုကောင်းပါတယ်။

စာအုပ်ဖတ်ပါ

စိတ်ဓာတ်ကျနေတဲ့အချိန်မှာ ဘယ်သူ့အကူအညီမှမယူပဲ ဘယ်သူ့အားပေးမှုကိုမှ မျှော်လင့်မနေပဲနဲ့ စိတ်သက်သာရာရချင်တယ်ဆိုရင် စာအုပ်များများဖတ်ပါ။ စိတ်ညစ်တယ်၊ စိတ်ဓာတ်ကျတယ် ဘာလုပ်ရမှန်းမသိဘူးဆိုရင် စိတ်ခွန်အားပေးတဲ့စာအုပ်တွေသာ ထိုင်ဖတ်ပါ။ စာဖတ်တာက စိတ်ဓာတ်ပိုင်း၊ အတွေးအခေါ်ပိုင်းတွေ တိုးတက်ပြောင်းလဲလာစေတယ်၊ စိတ်တည်ငြိမ် အေးချမ်းစေပါတယ်။

တရားထိုင်ပါ

တရားထိုင်တာကလည်း စိတ်တည်ငြိမ်အေးချမ်းစေပြီး စိတ်ပေါ့ပါးစေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေချိန်မှာ တရားထိုင်ပေးပါ။ စိတ်သက်သာရာရပြီး တစ်ယောက်ထဲအေးဆေး ဖြတ်ကျော်နိုင်သွားပါလိမ့်မယ်။

Relax လုပ်ပါ

စိတ်ဓာတ်ကျနေချိန်မှာ စိတ်ရောကိုယ်ပါ Relax ဖြစ်နေမယ်ဆိုရင် စိတ်သက်သာရာ ရသွားပါလိမ့်မယ်။ Relax ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုရင်တော့ လွယ်ပါတယ်။ ရုပ်ရှင်ကြည့်တာမျိုး၊ ခရီးထွက်တာမျိုး၊ မုန့်လျှောက်စားတာမျိုးတွေ လုပ်ပစ်လိုက်ပါ။ ဘာမှမလုပ်ချင်တဲ့အခါ သီချင်းနားထောင်ပြီး အေးဆေးအနားယူကာ အိပ်လို့လည်း ရတာပါပဲ။

မတွေးပါနဲ့

နောက်ဆုံးအနေနဲ့ အရေးအကြီးဆုံးအရာကတော့ မတွေးဖို့ပါပဲ။ တွေးလေ စိတ်ဓာတ်ကျတာက ပိုဆိုးလာလေ၊ စိတ်အဆင်မပြေ ပိုဖြစ်လာလေပါပဲ။ ဒါကြောင့် မတွေးပါနဲ့။ ခေါင်းထဲ အတွေးဝင်လာရင်တောင်မှ တစ်ခုခုထလုပ်လိုက်တာမျိုးနဲ့ အာရုံပြောင်းပစ်ပါ။