ကိုရီးယားနိုင်ငံရဲ့ မင်းသမီးချော Son Ye Jin က အသက် ၄၀ ကျော်နေပေမယ့် အခုချိန်ထိ သူမရဲ့အသားအရေက ကြည်လင်ပြီး နုပျိုနေတုန်းပါပဲ။ အခလိုနုပျိုနေတဲ့ သူမရဲ့ အလှတရားရဲ့ လျှို့ဝှက်ချက်က ဘာလဲဆိုတာကို သိချင်ကြမယ်ထင်ပါတယ်။

ဒါကတော့ အခုချိန်ထိ နုပျိုမှုကိုထိန်းထားနိုင်တဲ့ မင်းသမီးရဲ့ အလှအပဆိုင်ရာ လျှို့ဝှက်ချက်တချို့ပါ။

တစ်ခါတုန်းက အင်တာဗျူးတစ်ခုမှာ မင်းသမီးက သူ့အမေက အသားအရေ စိုပြေစေပြီး အမည်းစက်တွေ သက်သာစေဖို့ Cucumber Mask သုံးတာကို ကြည့်ပြီး ကြီးပြင်းလာတာမလို့ သူ့အမေရဲ့ခြေရာကိုလိုက်ပြီး သခွားသီးကို ဒီနေ့ထိ သုံးနေတုန်းပါပဲ။” လို့ဖြေခဲ့ဖူးပါတယ်။

saostar

10-step skincare routine က K-beauty လောကမှာ ခေတ်စားတာဖြစ်ပေမယ့် ပုံမှန်အသားအရေရှိတဲ့ Ye Jin က အသားအရေထိန်းသိမ်းမှုပုံမှန်လုပ်ရတာကို ပိုကြိုက်တဲ့သူမလို့ ရိုးရှင်းတဲ့အသားအရေထိန်းသိမ်းမှုကိုဘဲ လုပ်လေ့ရှိပါတယ်။

မနက်စောစော မျက်နှာကို သန့်စင်ဆေးနဲ့ ဆေးတာ မကောင်းဘူးလို့ အရင်ကကြားဖူးတာကြောင့် Ye Jin ကရိုက်ကူးရေးများလို့ ပင်ပန်းပြီး ညဉ့်နက်မှ ရိုက်ကူးရေးပြီးလို့ မိတ်ကပ်တွေ ဖျက်ရတာ ပျင်းရင်တောင်မှ မဖြစ်မနေ မိတ်ကပ်ဖျက်ဖို့ကို သေချာဂရုစိုက်လေ့ရှိပါတယ်။

နောက်ထပ်လျှို့ဝှက်ချက်တစ်ခုကတော့ ရိုက်ကူးရေးလုပ်ခါနီးတိုင်း ဒါမှမဟုတ် အရေးကြီးတဲ့ပွဲမစခင်မှာ Sheet Masks အမြဲသုံးလေ့ရှိပါတယ်။ ဒါ့အပြင် နိုင်ငံခြားခရီးသွားတဲ့အချိန်မှာတောင် ရေဓာတ်ဖြည့်ပေးတဲ့ Facial Mask ကို သူ့အတွက် မရှိမဖြစ်ဆောင်သွားလေ့ရှိပါတယ်။

beautynesia

Skincare အပြင် Son Ye Jin နောက်ထပ်အလေးထားတာက ရေသောက်တာပါ။ နှစ်အကြာကြီး သူမလုပ်လေ့ရှိတဲ့ အရေးကြီးတဲ့ အလှအပဆိုင်ရာ အကြံပြုချက်တွေကို မေးတဲ့အခါ Ye Jin က ရေများများသောက်ဖို့မလွယ်ပေမယ့် လူတစ်ယောက်ဟာ တစ်နေ့ကို ရေနှစ်လီတာကနေ သုံးလီတာလောက် သောက်ရပါမယ်။ ဒါ့အပြင် ကောင်းကောင်းအိပ်ရမယ်လို့ အကြံပေးထားပါတယ်။

cnnindonesia