ဆံကေသာထိန်းသိမ်းမှုလုပ်ဖို့ဆိုတာက အသားအရေထိန်းသိမ်းရသလိုဘဲ အရေးကြီးပါတယ်။ တချို့က Hair Products နဲ့ပက်သတ်လာရင် သိပ်ဂရုမစိုက်တတ်ကြပါဘူး ။ ဒီလိုဂရုမစိုက်တာတွေကြောင့် ဆံပင်ကျွတ်တာ၊ ဆံပင်ကျိုးတာ၊ ထိပ်ပြောင်တာတွေ ကြုံလာရတဲ့အခါ ပိုဒုက္ခပေးတတ်ပါတယ်။ ဆွဲဆောင်မှုရှိပြီး နူးညံ့သိမ်မွေ့တဲ့ ဆံပင်တွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် Hair Products တွေဝယ်တဲ့အခါ ဒီအချက်တွေကို သတိထားပြီး ဝယ်သင့်ပါတယ်။
Argan Oil
ခေါင်းလျှော်ရည်ဝယ်တဲ့အခါ ဦးစားပေးအနေနဲ့ Argan Oil နဲ့ Jojoba Oil လိုမျိုး သဘာဝပါဝင်ပစ္စည်းတွေကို ဦးစားပေးရွေးသင့်ပါတယ်။ သူတို့က ဦးရေပြားကို ရေဓာတ်ဖြည့်ပေးပြီး ဆံကေသာကို နူးညံ့စေတာမလို့ပါ။ aArgan Oil က သဘာဝ အစိုဓာတ်ထိန်းဆေးဖြစ်တာမလို့ ဗောက်တွေကို ထိရောက်စွာ တိုက်ဖျက်နိုင်တဲ့အပြင် ဆံသားခြောက်ပြီး ဆံပင်ကျွတ်တဲ့သူတွေအတွက်လည်း တကယ်ကျိုးရှိစေပါတယ်။
Phyto ကဖိန်းဓာတ်
Phyto ကဖိန်းဓာတ်က ဆံပင်ကျွတ်တာကို ကုသပေးနိုင်တဲ့အပြင် ပါးလွှာနေတဲ့ဆံသားကို ပိုထူလာစေနိုင်ပါတယ်။
Essential Oil
Essential Oil က ဦးရေပြားကို အစိုဓာတ်ထိန်းပေးပြီး ရောဂါပိုးမွှားအမျိုးအစားမရွေးကိုလည်း ကာကွယ်ပေးပါတယ်။ ခြောက်သွေ့အက်ကွဲနေတဲ့ ဆံကေသာ ပိုင်ရှင် တွေအတွက်တော့ Essential Oil ပါဝင်တဲ့ ခေါင်းလျှော်ရည်ကို သေချာရွေးသုံးသင့်ပါတယ်။
Keratin
ဆံပင်ကိုနောက်ထပ်အကျိုးပြုစေတဲ့အရာက Keratin ပါ။ Keratin ပါဝင်တဲ့ ခေါင်းလျှော်ရည်က ဆံပင်ပြဿနာများစွာကို ဖြေရှင်းပေးနိုင်တဲ့အပြင် ပျက်စီးနေတဲ့ဆံပင်နဲ့ ဦးရေပြားကို ပြန်လည်နုပျိုစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် တောက်ပြောင်ပြီးနူးညံ့တဲ့ ဆံကေသာကိုလည်း ရရှိစေမှာပါ။
Glycerin
Glycerin က ဆံပင်အမျိုးအစားအားလုံးနီးပါးအတွက် အကျိုးပြုပြီး ဆံသားပျက်စီးမှုကို ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။ ခြောက်နေတဲ့ ဦးရေပြားအတွက်လည်း သင့်တော်ပြီး ဗောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
											
				
									



