ဆံပင်က အဖျားတွေနှစ်ခွဖြစ်ရင် ဆံပင်လည်းအရှည်နှေးသလို အဖျားလည်း ရှူးလာစေပါတယ်။ ဆံသားလည်း ပျက်စီးပါတယ်။ ဒါကြောင့် ဆံပင်အဖျားနှစ်ခွမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့် အချက် ၅ ချက်ကို မျှဝေပေးလိုက်ပါတယ်။

Shampoo သေချာရွေးသုံးပါ

Shampoo သုံးတဲ့အခါမှာ တစ်ခါလျှော်ရင် တစ်မျိုးပြောင်းသုံးနေတာမျိုး မလုပ်ပါနဲ့။ ကိုယ်ဆံသားအတွက် အဆင်ပြေတဲ့ Shampoo တစ်မျိုးထဲကိုပဲသုံးပါ။ အများကြီးလျှောက်သုံးရင် ဗောက်ထတတ်ပါတယ်။ Shampoo ကြောင့် ဆံသားကြမ်းပြီး ပျက်စီးတာ၊ ဖွာတာမျိုးတွေလည်း ဖြစ်တတ်တဲ့အတွက် Shampoo ကို သေချာရွေးသုံးဖို့ လိုပါတယ်။

Conditioner or Hair Mask သုံးပါ

ခေါင်းလျှော်တဲ့အခါ Shampoo တစ်မျိုးထဲမသုံးပဲ Conditioner or Hair Mask လည်း ထပ်သုံးပေးပါ။ ဒါမှ ဆံသားပိုကျန်းမာပြီး အဖျားနှစ်ခွလည်း မဖြစ်မှာပါ။ ဆံသားခြောက်သွေ့ပြီး ဖွာတာမျိုးတွေလည်း မဖြစ်တော့ဘူးပေါ့။

Dryer သုံးတာဆင်ခြင်ပါ

Dryer သုံးတဲ့အခါမှာ လေပူနဲ့သုံးတာက ဆံသားပိုပျက်စီးစေပါတယ်။ ဆံပင်ဖွာပြီး ခြောက်သွေ့စေတယ်၊ အဖျားနှစ်ခွတွေလည်း ဖြစ်စေပါတယ်။ Dryer မသုံးတာတော့ အကောင်းဆုံးပါပဲ။ သုံးမယ်ဆိုရင်လည်း လေအေးနဲ့ပဲသုံးပေးပါ။

ဆံပင်အဖျားတွေပုံမှန်ညှပ်ပါ

ဆံပင်အဖျားတွေက အနည်းနဲ့အများတော့ ပျက်စီးတာ၊ ကျိုးကြေတာ၊ နှစ်ခွဖြစ်တာတွေ ဖြစ်လေ့ရှိပါတယ်။ ပိုဆိုးမလာအောင် ဆံပငက်အဖျားတွေကို ပုံမှန်ညှပ်ပေးရပါမယ်။ တစ်လတစ်ခါလောက် ပုံမှန်အဖျားနှစ်ခွဖြစ်တာ၊ ပျက်စီးနေတာတွေကို ညှပ်ထုတ်ပေးပါ။

Hair Oil သုံးပါ

Hair Oil မသုံးရင် ဆံသားခြောက်ပြီး ဖွာတာ၊ ဆံပင်နှစ်ခွဖြစ်တာတွေ ဖြစ်လာမှာပါပဲ။ ဒါကြောင့် Hair Oil သေချာသုံးပါ။ ဆံပင်အောက်ဖျားလေးတွေကို Hair Oil အမြဲလိမ်းပေးပါ။