အလုပ်လုပ်နေရင်းနဲ့ ပျင်းလာတာမျိုး၊ ငြီးငွေ့ပြီး ဆက်မလုပ်ချင်တော့တာမျိုး ဖြစ်ဖူးကြမှာပေါ့။ ဒီလိုမဖြစ်ရအောင် အလုပ်လုပ်နေရင်းနဲ့ ဒါလေးတွေလုပ်ကြည့်လို့ရပါတယ်။

သီချင်းနားထောင်ပါ

သီချင်းနားထောင်ရင်းနဲ့ အလုပ်လုပ်ရင် တက်တက်ကြွကြွဖြစ်စေပါတယ်။ အလုပ်လုပ်ရတာ ပျင်းလာတဲ့အခါ မြူးကြွတဲ့သီချင်းတွေနားထောင်ရင်းနဲ့ အလုပ်လုပ်ကြည့်ပါ။

လမ်းထလျှောက်ပါ

အလုပ်လုပ်ရတာ အရမ်းငြီးငွေ့လာရင် ဆက်မလုပ်ပဲ ခဏလောက် လမ်းထလျှောက်လိုက်ပါ။ ရေလေးဘာလေးသောက်၊ အသက်ရှူလေ့ကျင့်ခန်းလေး ၅ မိနစ်လောက်လုပ်ပြီးမှ အလုပ်ပြန်လုပ်ပါ။

ကော်ဖီ (သို့) Energy drink သောက်ပါ

ကော်ဖီတို့၊ Energy drink တို့သောက်တာက စိတ်ကိုလန်းဆန်းတက်ကြွစေလို့ အလုပ်လုပ်ရတာ ပျင်းလာတဲ့အချိန်၊ ငြီးငွေ့လာတဲ့အချိန်တို့မှာ သောက်သင့်ပါတယ်။

မုန့်စားပါ

အလုပ်လုပ်ရတာစိတ်မပါတော့ပဲ ပျင်းလာရင် မုန့်ခဏစားလိုက်ပါ။ အာရုံတစ်မျိုးပြောင်းသွားပြီး အလုပ်လုပ်ရတာလည်း စိတ်ပြန်ပါလာပါလိမ့်မယ်။

ခဏလောက်စကားပြောပါ

အာရုံပြောင်းတဲ့အနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားခဏလောက်ပြောပါ။ ပြီးမှ အလုပ်ပြန်လုပ်ပါ။ အလုပ်လုပ်ရတာ ငြီးငွေ့ပြီးပျင်းနေတဲ့အချိန်မှာ ခဏမနားပဲ ဆက်လုပ်နေရင် အလုပ်ထဲက စိတ်နှစ်ပြီး လုပ်နိုင်မှာ မဟုတ်ပါဘူး။

Photo Source: www.freepik.com