ကိုယ့်ဘက်က အရမ်းချစ်ခဲ့တဲ့အခါမှာ ဘယ်လောက်ပဲ အချိန်ကြာကြာ သတိရတဲ့အခါ ပြန်ဆက်သွယ်ချင်စိတ် ဖြစ်တတ်ကြပါတယ်။ ဒီလိုအချိန်မှာ ပြန်ဆက်သွယ်လိုက်လို့လည်း တစ်ဖက်လူက ကိုယ့်ကိုမချစ်တော့ရင် ကိုယ်ဖြစ်ချင်သလို ဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ်ပဲထပ်ပြီး နာကျင်ခံစားရမှာပါ။ ဒါကြောင့် ကိုယ့်ကိုမချစ်တော့တဲ့ သူတစ်ယောက်ဆီ ပြန်ဆက်သွယ်နေတဲ့အခါမှာ လုပ်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

ပြောချင်တာတွေကိုချရေးလိုက်ပါ

သူ့ကိုပြောချင်တဲ့စကားတွေကို ဖုန်းမဆက်ပဲ၊ Massage မပို့ပဲနဲ့ ဖုန်းထဲက Note ထဲချရေးတာမျိုး၊ စာအုပ်မှာချရေးတာမျိုး လုပ်လိုက်ပါ။ ဒီလိုချရေးလိုက်တာက စိတ်ပေါ့သွားပြီး စိတ်သက်သာရာရစေပါတယ်။ ရေးပြီး စိတ်ပြေသွားပြီဆိုမှ ပြန်ဖျက်လိုက်ပါ။ သတိရလို့ ဆက်သွယ်ချင်တဲ့အခါတိုင်း ဒီအရာကိုလုပ်ပါ။

ဆက်သွယ်လို့မရအောင်လုပ်ထားပါ

ဆက်သွယ်လို့ရတဲ့ ဖုန်းနံပါတ်တွေနဲ့ Social Media မှာလည်း အားလုံးကို Block ထားလိုက်ပါ။ မြင်နေတွေ့နေရင် ဆက်သွယ်ချင်နေပါလိမ့်မယ်။ ဒီအရာနဲ့လည်း ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်ပါတယ်။

ရင်ဖွင့်လို့ရတဲ့သူဆီဆက်သွယ်ပါ

စိတ်ထဲအရမ်းခံစားလာရတဲ့အခါ တစ်ယောက်ထဲမျိုသိပ်ပြီး ကြိတ်ခံစားမနေပဲ ယုံကြည်ရတဲ့ ရင်ဖွင့်လို့ရတဲ့ သူဆီကို ဆက်သွယ်ပြီး ရင်ဖွင့်လိုက်ပါ။ ဒါဆိုရင် စိတ်သက်သာရာရပြီး စိတ်ပေါ့သွားမှာပါ။ သူ့ကိုလည်း ဆက်သွယ်ဖြစ်တော့မှာ မဟုတ်ပါဘူး။

အလုပ်ရှုပ်အောင်တစ်ခုခုလုပ်ပါ

အားနေရင် သူ့အကြောင်းပဲတွေးပြီး ဝမ်းနည်းနေမယ်၊ သတိရနေမယ်၊ ပြန်ဆက်သွယ်ချင်နေပါမယ်။ ဒီလိုလုပ်နေချိန်မရှိအောင် စဉ်းစားဖို့တောင် အချိန်မရှိအောင် တစ်ခုခုလုပ်နေပါ။ စိတ်တည်ငြိမ်စေမယ့်အရာတွေ လုပ်တာပဲဖြစ်ဖြစ် အလုပ်ရှုပ်အောင်သာလုပ်ပါ။

ခရီးသွားပါ

သတိရတဲ့စိတ်တွေက အရမ်းပြင်းထန်လာပြီး ခံစားနေရရင် အချိန်ရတဲ့အခါ ခရီးထွက်လိုက်ပါ။ တစ်နေရာရာကို စိတ်ပြေလက်ပျောက် အပန်းဖြေခရီးထွက်လိုက်ရင် စိတ်ကြည်လင်ပြီး ညစ်နေတာတွေ၊ ခံစားနေရတာတွေက သက်သာသွားပါလိမ့်မယ်။ Relax လုပ်ပြီး စိတ်သစ်လူသစ်နဲ့ ပြန်လာခဲ့ပါ။