ရည်းစားရှိတဲ့သူပဲဖြစ်ဖြစ်၊ မရှိတဲ့သူပဲဖြစ်ဖြစ် တစ်ခါတစ်လေကျရင် တစ်ယောက်ထဲ အထီးကျန်နေသလိုမျိုး ခံစားရတဲ့အချိန်တွေ ရှိပါတယ်။ ဒီလို တစ်ယောက်ထဲအထီးကျန်သလို ခံစားနေရချိန်မှာ ဘာမှမလုပ်ပဲ အထီးကျန်နေတဲ့အတိုင်းပဲ ဆက်သွားမယ်ဆိုရင် တစ်ယောက်ထဲဝမ်းနည်းပြီး depression ဝင်သွားနိုင်ပါတယ်။ ဒါကြောင့် တစ်ယောက်ထဲ အထီးကျန်သလိုခံစားရချိန်မှာ လုပ်ကြည့်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

အပြင်သွားပါ

တစ်ယောက်ထဲအထီးကျန်သလို ခံစားနေရချိန်မှာ အိမ်ထဲမှာပဲနေရင် ပိုဆိုးပါတယ်။ ဒါကြောင့် စိတ်ပြေလက်ပျောက် တစ်ယောက်ထဲပဲဖြစ်ဖြစ်၊ အပေါင်းအသင်းနဲ့ပဲဖြစ်ဖြစ် အပြင်သွားပါ။ အပြင်လျှောက်သွားလိုက်ရင် အထီးကျန်တာတွေလျော့သွားပါတယ်။

အိမ်မွေးတိရိစ္ဆာန်မွေးပါ

အိမ်မွေးတိရိစ္ဆာန်လေးတွေမွေးရင် အထီးကျန်တာတွေက တစ်ဝက်လောက်ကိုလျော့ကျသွားပါတယ်။ သူတို့လေးတွေကြောင့် စိတ်ပျော်ရွှင်ရပြီး အဖော်လည်းရတယ်၊ သူတို့နဲ့အချိန်ကုန်နေတာနဲ့ပဲ စိတ်ချမ်းသာရပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ မွေးကြည့်ပါ။

Social media ကိုရပ်ထားပါ

အထီးကျန်သလိုခံစားနေရတဲ့အချိန်မှာ social media သုံးတာက မီးလောင်ရာလေပင့်သလို ဖြစ်တတ်ပါတယ်။ တချို့ပျော်ရွှင်နေတာတွေကိုကြည့်ပြီး အားကျတာ၊ အားငယ်စိတ်တွေဝင်လာတာမျိုးဖြစ်ပြီး ပိုဝမ်းနည်းရပါတယ်။ ဒါကြောင့် social media သုံးတာကို ခဏရပ်ထားပြီး ရုပ်ရှင်ကြည့်တာမျိုး၊ တခြားအရာတွေလုပ်တာမျိုး၊ စာဖတ်တာမျိုးကို ပြောင်းလုပ်ကြည့်ပါ။

ဝါသနာပါမယ့်အရာတစ်ခုကိုရှာဖွေကြည့်ပါ

အထီးကျန်သလိုခံစားနေရရင် ထိုင်တွေးပြီး depression ဝင်နေမယ့်အစား ကိုယ်ဝါသနာပါမယ့်အရာ အသစ်တစ်ခုကို ရှာဖွေပြီး လုပ်ကြည့်ပါ။ တစ်ခါတစ်လေကျရင် ဒီလိုအသစ်အဆန်းတွေ၊ ဝါသနာပါတဲ့အရာတွေကို လုပ်နေရတာက စိတ်တည်ငြိမ်စေပါတယ်။ စိတ်အပြောင်းအလဲဖြစ်စေပါတယ်။

ကိုယ့်ရဲ့ lifestyle ထဲမှာ exercise, yoga ထည့်ပါ

အထီးကျန်သလိုခံစားနေရလည်း မပူပါနဲ့။ ကိုယ့်ရဲ့ lifestyle ထဲမှာ exercise လုပ်တာပဲဖြစ်ဖြစ်၊ yoga လုပ်တာပဲဖြစ်ဖြစ် ထည့်သွင်းပြီး ပုံမှန်လုပ်ကြည့်ပါ။ Mental health လည်း ပိုကောင်းလာမယ်။ ခန္ဓာကိုယ်အလှအပအတွက်လည်း ပိုလှလာပါမယ်။ ဒီအရာတွေကိုလုပ်နေရရင် အထီးကျန်သလို ခံစားနေရတဲ့စိတ်လည်း ပျောက်သွားပါလိမ့်မယ်။