တစ်ခါတစ်လေကျရင် စိတ်ဓာတ်ကျသလိုလို၊ အရာရာကိုပဲ အလိုမကျသလိုလိုနဲ့ စိတ်တွေညစ်ပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိတာမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလိုအချိန်မှာ အိပ်ယာထဲခွေခေါက်နေရင် စိတ်တွေထိုင်းမှိုင်းပြီး ပိုဆိုးလာပါလိမ့်မယ်။ ဒါကြောင့် ဘာကိုမှလုပ်ချင်စိတ်မရှိ ဖြစ်နေချိန်မှာ စိတ်သက်သာရာရပြီး ပြန်လန်းဆန်းလာအောင် လုပ်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။

အပြင်သွားပါ

ဘာကိုမှလုပ်ချင်စိတ်မရှိဖြစ်နေရင် အိမ်မှာနေရတာလည်း ငြီးငွေ့လာပြီဆိုရင် ဘာမှစဉ်းစားမနေပဲ အပြင်သွားလိုက်ပါ။ အပြင်သွားပြီး မုန့်စားတာမျိုး၊ ဈေးဝယ်ထွက်တာမျိုး၊ လျှောက်သွားတာမျိုး လုပ်လိုက်ရင်တော့ စိတ်ပေါ့ပါးပြီး စိတ်သက်သာရာရသွားပါလိမ့်မယ်။

သူငယ်ချင်းတွေနဲ့တွေ့ပါ

တစ်ယောက်ထဲမသွားချင်ရင် သူငယ်ချင်းတွေနဲ့တွေ့ပါ။ သူငယ်ချင်းတွေနဲ့တွေ့ပြီး ပျော်ပါးလိုက်ရင် ညစ်နေတာတွေပျောက်ပြီး စိတ်သက်သာရာရမယ်၊ ပျော်ရွှင်ရပါလိမ့်မယ်။

တရားထိုင်ပါ

ဘာကိုမှလည်းလုပ်ချင်စိတ်မရှိဘူး၊ အပြင်တွေလည်း မသွားချင်ဘူးဆိုရင်တော့ တိတ်ဆိတ်တဲ့နေရာမှာ တရားထိုင်တာမျိုးလုပ်ပေးပါ။ ကိုယ်ထိုင်နိုင်သလောက်သာထိုင်ပါ။ တရားထိုင်ပေးခြင်းက စိတ်တည်ငြိမ်ပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။

သီချင်းနားထောင်ပါ

ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိရင် ကိုယ့်အခန်းထဲမှာကိုယ်နေပြီး သီချင်းနားထောင်တာတာမျိုး၊ လေကောင်းလေသန့်ရှူပြီး သီချင်းနားထောင်တာမျိုး လုပ်ပေးမယ်ဆိုရင်လည်း စိတ်သက်သာရာရစေပါတယ်။

စာအုပ်ဖတ်ပါ

ဘာမှလုပ်ချင်စိတ်မရှိလို့ဆိုပြီး အိပ်ယာထဲခွေခေါက်နေမယ့်အစား စာအုပ်ဖတ်ပါ။ စာအုပ်ဖတ်ပေးတာကလည်း စိတ်တည်ငြိမ်ပြီး စိတ်သက်သာရာရစေပါတယ်။ အချိန်ကုန်လို့ကုန်သွားမှန်းမသိပဲ နေရတာလည်း အဆင်ပြေသွားစေပါတယ်။